အပိုင်း ၁၅၈ ( Mine Owner 7 )

2.7K 435 32
                                    

သူ့အဖေ ပြန်ရောက်လာပြီလား? ရှဇီရှိူ့၏လက်က တုန်ယင်သွားပြီး သူသည် ဆက်သွယ်ကိရိယာကို မတော်တဆ ပိတ်မိသွားကာ အမြန်ပြန်ခေါ်လိုက်သည်။


ထို့နောက် သူ့မိခင်ထံမှ အသေးစိတ်အခြေအနေကို သိလိုက်ရသည်။


လွန်ခဲ့သော တစ်နှစ်ကျော်က သူ့ဖခင် ပျောက်ဆုံးသွားခြင်းမှာ သူက သေဆုံးသွားခြင်း မဟုတ်ဘဲ အန္တရာယ်ရှိသော ဂြိုဟ်တစ်ခုပေါ်တွင် သောင်တင်နေခဲ့ခြင်း ဖြစ်သည်။ မကြာသေးမီကမှသာ လူတစ်ဦးသည် အန္တရာယ်များသော ထိုဂြိုဟ်အနားမှ ဖြတ်သွားကာ သူ့ဖခင်ကို ကယ်တင်ခဲ့သည်။


သူ့ဖခင် ပျောက်ဆုံးသွားသောအခါ ၎င်းသည် ကြယ်တာရာ မဟာမိတ်၏ အဓိကအဖြစ်အပျက်တစ်ခု အမှန်ဖြစ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ပျောက်ဆုံးသွားသည်မှာ သူ့ဖခင်တစ်ဦးတည်း မဟုတ်ဘဲ မဟာမိတ် စစ်သည်တော် ၃,၀၀၀ ကျော်လည်း ပါဝင်သောကြောင့်ပင်။


သို့သော် အကြောင်းတချို့ကြောင့် တပ်ကြီးရှစ်က သတင်းများကို ဖိနှိပ်ခဲ့သည်။ စုံစမ်းပြီးနောက် သူတို့က သူ့ဖခင်၏စစ်ယာဉ်မှာ အထူးစကြာဝဠာဖြစ်စဉ်တစ်ခုနှင့် ကြုံတွေ့ခဲ့ကာ ပျောက်ကွယ်သွားပြီး သူတို့ မရှာနိုင်ဟုသာ ဆိုသည်။


သူ့မိခင်သည် သူ့ဖခင်၏စိတ်စွမ်းအင်များနှင့် ချည်နှောင်ထားပုံရပြီး စိတ်အာရုံကြောင့် သူ(မ)သည် သူ့ဖခင်က အသက်ရှင်နေသေးသည်ဟု အမြဲယုံကြည်ခဲ့သည်။ ထို့ကြောင့် သူသည် လူများကို နေရာတိုင်း လိုက်ရှာခဲ့ပြီး သူ့ဖခင်ကို ဝိုင်းရှာပေးစေချင်ခဲ့၏။


ကံမကောင်းစွာဖြင့် ဘယ်သူကမှ သူ့ကို လုံးဝ မကူညီခဲ့ချေ။


တစ်နှစ်ကျော်ကြာပြီးနောက် သူသည်လည်း အခြားလူတိုင်းကဲ့သို့ပင် သူ့ဖခင်က တကယ်ပင် ဆုံးပါးသွားလောက်ပြီဟု ခံစားခဲ့ရသည်။ အစောက ယန်ကျင်းဇီနှင့် သူ့မိသားစုအကြောင်း ပြောပြသောအခါ သူသည် သူ့ဖခင်က ပျောက်ဆုံးနေသည်ဟုသာ ပြောခဲ့သည်။ သူ့ဖခင်က ဆုံးပါးသွားပြီဟု သူ မယုံကြည်ချင်သောကြောင့် ဖြစ်၏။

ချစ်ခင်ပွန်း ( ဘာသာပြန် ) [ ဒုတိယမြောက် ]Donde viven las historias. Descúbrelo ahora