ကြယ်မြို့တော်ဂြိုဟ် (Capital Star) တွင် ကြယ်တာရာ မဟာမိတ် (Galactic Alliance) ၏ ဘီလီယံပေါင်းများစွာသော အရည်အချင်းရှိသူများ နေထိုင်ကြပြီး ဤလူများသည် နေ့စဉ်နေ့တိုင်း အစားအသောက်များစွာကို စားသုံးကြသည်။ ကြယ်မြို့တော်ဂြိုဟ် ကိုယ်တိုင်က ၎င်းကို ပံ့ပိုးရန်အတွက် အစားအသောက် လုံလောက်အောင် မထုတ်လုပ်နိုင်ချေ။ အမှန်တကယ်မှာ ကြယ်မြို့တော်ဂြိုဟ်ရှိ အသားနှင့် အသီးအရွက် အများစုတို့ကို Kamil ဂြိုဟ် ဟူသော မြို့တော်၏ *လအခြေစိုက် ဂြိုဟ်မှ ထောက်ပံ့ထားခြင်း ဖြစ်သည်။
( *လအခြေစိုက် - လ၏မျက်နှာပြင်ပေါ်ရှိ အဆောက်အဦးတစ်ခု သို့မဟုတ် ပံ့ပိုးမှုအင်္ဂါရပ် ဖြစ်ပြီး လပေါ်ရှိ လူသားများ၏ လုပ်ဆောင်ချက်များကို ပံ့ပိုးပေးသည်။ • ဒီမှာကတော့ Kamil ဂြိုဟ်ပေါ်မှာ ရှိတဲ့ လူတွေရဲ့ အခြေစိုက်စခန်းလို့ သုံးတာပါ။ )
Kamil ဂြိုဟ်သည် အမှန်တကယ် နေထိုင်နိုင်သော ဂြိုဟ် ဖြစ်ပြီး ပူနွေးစွတ်စိုကာ ရေနှင့်ကုန်းမြေတို့လည်း ရှိသည်။ သို့သော် ဂြိုဟ်ပေါ်တွင် အခြားသော အရင်းအမြစ်များ၊ ကောင်းမွန်သော စာသင်ကျောင်းများနှင့် အလုပ်အကိုင်များ မရှိချေ။ ကြယ်မြို့တော်ဂြိုဟ်၏ ကပ်လျက်တည်ရှိမှုကြောင့် အရည်အချင်းရှိသူ အားလုံးတို့ကလည်း ကြယ်မြို့တော်ဂြိုဟ်သို့ ထွက်ပြေးသွားကြရာ အချိန်ကြာလာသည်နှင့်အမျှ ဤဂြိုဟ်ဟာ စိုက်ပျိုးရေးအထူးပြုသော ဂြိုဟ် ဖြစ်လာသည်။
ဤဂြိုဟ်ပေါ်တွင် စံအိမ်အများအပြား ရှိသည်။ ကြယ်မြို့တော်ဂြိုဟ်မှ ချမ်းသာသူတို့သည် ဤနေရာရှိ စံအိမ်များကို ရင်းနှီးမြှုပ်နှံမှုအဖြစ် ဝယ်ယူရသည်ကို သဘောကျကြသည်။
ရှဇီရှိူ့သည် စံအိမ်တစ်လုံးတွင် ယခု ရောက်ရှိနေသည်။
ဤစံအိမ်သည် မကြီးမားဘဲ ၎င်းကို ဝေးလံခေါင်သီသော ဂြိုဟ်မှ မိုင်းပိုင်ရှင်တစ်ဦး ဖြစ်သည့် ယန်ကျင်းဇီ ဟူသော သူ့ခင်ပွန်းမှ ပိုင်ဆိုင်သည်။
ဆက်သွယ်ကိရိယာ (contact terminal) ထဲရှိ သူ့အား ရှမိသားစု ပေးထားသော ယန်ကျင်းဇီအကြောင်း အချက်အလက်ကို ကြည့်ရှုနေသော ရှဇီရှိူ့သည် အသက်ပြင်းပြင်းရှူလိုက်သည်။