အပိုင်း ၁၆၂ ( Mine Owner 11 )

2.5K 473 28
                                    

မြို့တော်၊ ကြယ်တာရာ မဟာမိတ် စစ်ဌာနချုပ်။

ကြယ်တာရာ မဟာမိတ်တွင် အုပ်ချုပ်မှုစနစ်များစွာ အမှန်တကယ် ရှိပြီး ဂြိုဟ်အများအပြားမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်စနစ် ရရှိထားသော်ငြား ကြယ်တာရာမဟာမိတ်တွင် စစ်ဌာနချုပ်တစ်ခုတည်းသာ ရှိသည်။

တပ်မရှစ်တပ်တို့သည် ကြယ်တာရာ မဟာမိတ်၏ စစ်ဌာနချုပ်ကို အတူတကွ စုပေါင်းဖွဲ့စည်းထားကြပြီး ၎င်းမှာ ကြယ်တာရာ မဟာမိတ်ရှိ မ‌ရေမတွက်နိုင်သော လူပေါင်းများစွာက တမ်းတပြီး ဝင်ရောက်ချင်ကြသော်လည်း အများစုက မဝင်ရောက်နိုင်ကြသည့် နေရာတစ်နေရာ ဖြစ်သည်။

သို့သော် Seren သည် ကံကောင်းသူများထဲမှ တစ်ဦး ဖြစ်ပြီး ကြယ်တာရာ မဟာမိတ်၏ စစ်ဌာနချုပ်တွင် အလုပ်လုပ်သည်။ သူ့အလုပ်မှာ စစ်ဌာနချုပ်သို့ ရောက်ရှိလာသော ဧည့်သည်များကို အဝင်တံခါး၌ စာရင်းသွင်းရန်သာ ဖြစ်သော်ငြား ၎င်းက ကောင်းမွန်နေပြီးဖြစ်သည်။ လူမည်မျှက သူ့ကို အားကျနေကြမှန်း မပြောနိုင်ချေ။

လူအများ သိကြသည့်အတိုင်း စစ်ဌာနချုပ်တွင် ဝင်ထွက်သွားလာကြသူများ အားလုံးဟာ လူကြီးသူကောင်းများ ဖြစ်ကြသည်။ စစ်ဌာနချုပ်သို့ အထက်တန်းလွှာ အဆင့်အတန်း မရှိပဲနှင့် လာရောက်လည်ပတ်သူ မရှိချေ။ နေ့တိုင်း အဲ့လိုလူတွေကို တွေ့မြင်နေရတဲ့ သူကို ဘယ်လိုလုပ် မနာလိုမဖြစ်ဘဲ နေနိုင်ပါ့မလဲ?

ယနေ့တွင် Seren သည် လူများကို ထပ်မံစာရင်းသွင်းပေး‌နေလျက်ရှိသည်။

သူရှေ့တွင် ဝေးလံခေါင်သီသော ဂြိုဟ်တစ်ဂြိုဟ်မှ ဝန်ကြီးချုပ် ရှိနေသည်။ ဤသည်မှာ ဝန်ကြီးချုပ်တစ်ဦး ဖြစ်သော်လည်း ဝေးလံခေါင်သီသော ဂြိုဟ်မှ ဖြစ်သောကြောင့် ကြယ်မြို့တော်တွင် အမြဲတမ်း အနည်းငယ် ချုပ်တည်းထားသည်။ Seren ကို တွေ့သောအခါတွင်လည်း အလွန်ဖော်ရွေသည်။

သို့သော်ငြား Seren သည် သူ၏ဖော်ရွေမှုကြောင့် သူ့ကို ကွဲပြားစွာ မဆက်ဆံဘဲ အချက်အလက် ဖြည့်သွင်းစဉ် သူ ပြုလုပ်ခဲ့သော အမှားများကို ထောက်ပြကာ သူ့ကို အမှန်ပြင်ခိုင်းဆဲ ဖြစ်သည်။

ချစ်ခင်ပွန်း [ ဒုတိယမြောက် ]Where stories live. Discover now