အပိုင်း ၁၆၃ ( Mine Owner 12 )

2.4K 436 11
                                    

ယန်ကျင်းဇီသည် တပ်မရှစ်၏တပ်မှူးကို တိုက်ရိုက်အပြစ်ပေးခဲ့သည်။ ယင်းကား မျောက်များကို သတိပေးရန် ကြက်သတ်ပြခြင်း ရည်ရွယ်ချက်အတွက်လည်း ဖြစ်သည်။

တပ်မှူး Cossack သည် တပ်မရှစ်တပ်တို့၏ တပ်မှူးများအနက် အသက်အငယ်ဆုံး ဖြစ်ပြီး ရည်မှန်းချက်အကြီးဆုံးနှင့် လှုပ်ရှားမှုအများဆုံးလူလည်း ဖြစ်၏... ပို၍အရေးကြီးသည်မှာ သူသည် အချို့သော တရားမဝင်ကိစ္စများကို ပြုလုပ်သည့် သူ့လက်အောက်ငယ်သားများကို အမြဲတစေ လျစ်လျူရှုထားသည်။

သူ့လူများက မှောင်ခိုကုန်ကူးသည့်အပြင် လူကုန်ကူးမှုများတွင်ပင် ပါဝင်သေးသည်။

သူတို့က ဝေးလံခေါင်သီသော ဂြိုဟ်များသို့ သွားပြီး ကြယ်မြို့တော် သို့မဟုတ် ဂြိုဟ်ကြီးကြီးတစ်ခုတွင် အလုပ်သမားများ ခေါ်ယူရန် လိုအပ်နေသည်ဟု ဆိုကာ ကြယ်မြို့တော်ဂြိုဟ်ကို တောင့်တသည့် နုပျိုလှပသော မိန်းကလေးများနှင့် ယောက်ျားလေးများ အုပ်စုတို့ကို လှည့်စားကြလိမ့်မည်ဖြစ်သည်။ ထို့နောက်တွင်တော့ ဤလူများ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို ဘယ်သူမှ မသိကြတော့ချေ။

စကြဝဠာကြီးဟာ အလွန်ကြီးမားလှသည်။ စကြဝဠာအတွင်းတွင် ဆက်သွယ်ရန်ပင် အဆင်မပြေလေရာ အချို့သော မကောင်းမှုများကို ဖုံးကွယ်ထားခြင်းမှာ လွယ်ကူလွန်းလှ၏။

Cossack ကိုယ်တိုင်က ဤကိစ္စမျိုးကို မလုပ်ခဲ့သော်လည်း သူ့လက်အောက်ငယ်သားတချို့က လုပ်ခဲ့သည်။ သူက ငွေယူပြီး ဤလူများကို စတင်ခွင့်လွှတ်ခဲ့၏။ ရှဝေချန်၏ ရုတ်တရက် တိုက်ခိုက်မှုနှင့် "ပျောက်ကွယ်သွားမှု" တို့မှာလည်း ဤကိစ္စနှင့် ဆက်နွယ်နေသည်။

"ပျောက်ကွယ်သွားမှု" မဖြစ်မီ ရှဝေချန်သည် သူ့လူများကို ဦးဆောင်၍ မှောင်ခိုကုန်ကူးသော ယာဉ်တစ်စီးကို ဖမ်းဆီးခဲ့ပြီး လူအချို့ကို ကယ်တင်ခဲ့သည်။ သူသည် ဤကိစ္စအကြောင်းကို ကြယ်မြို့တော်သို့ ပြန်ရောက်ပြီးနောက်တွင် သတင်းပို့မည်ဖြစ်သည်။

ရလဒ်ကမူ သူသည် ကြယ်မြို့တော်သို့ ပြန်မရောက်မီ တိုက်ခိုက်ခံခဲ့ရသည်။

ချစ်ခင်ပွန်း ( ဘာသာပြန် ) [ ဒုတိယမြောက် ]Hikayelerin yaşadığı yer. Şimdi keşfedin