လုကျင်းရှို့သည် "ငါလည်း မင်းကို ချစ်တယ်" ဟု ပြောပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင် သူသည် ယန်ကျင်းဇီကို သူ၏ ခံစားချက်များ ထုတ်ပြောပြရန် တစ်ခါမှ မတွေးခဲ့ဖူးပေ။ လွန်ခဲ့သော ရက်အနည်းငယ်ကတောင်မှ သူသည် သူ၏ ခံစားချက်များကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြမိလိမ့်မည်ဟု လုံးဝ မတွေးခဲ့ဖူးချေ။
ရလဒ်ကမူ... တစ်ညနေခင်း၌ သူသည် အမှန်တကယ်ပင် ပြောဖြစ်ခဲ့သည်။
သူ့တွင် အခြားသူများ၏လက်ထဲသို့ သူ၏ အားနည်းချက်ကို ထည့်ပေးလိုက်ရသော ခံစားချက်မျိုး ဖြစ်လာသည်။
ဒါပေမယ့် ဒါက ယန်ကျင်းဇီ ဆိုတော့ ဘာပြဿနာမှ မရှိလောက်ဘူးမလား?
အကြောင်းအရင်းတချို့ကြောင့် သူသည် ယန်ကျင်းဇီကို ပထမဆုံး မြင်တွေ့ချိန်၌ပင် ဤလူကို သဘောကျခဲ့သည်။
" ကျင်းရှို့၊ ကိုယ် တကယ် မင်းကို အရမ်းချစ်တယ်။ " ယန်ကျင်းဇီသည် လုကျင်းရှို့ကို ဖက်ထားပြီး သူ့မျက်လုံးများမှာ အနည်းငယ် ချဉ်တူးနေသည်။
၎င်းက မြန်လွန်းသည်ဟုပင် သူ တွေးခဲ့သေးသည်... သူ ပိုပြီးမြန်ခဲ့သင့်တာ အသိသာကြီး!
ဤသို့တွေးမိရင်း ယန်ကျင်းဇီသည် လုကျင်းရှို့ကို လွှတ်ပြီး လုကျင်းရှို့၏မျက်နှာကို အကြိမ်အနည်းငယ် ထပ်နမ်းလိုက်သည်။
လုကျင်းရှို့သည် အစက မပုန်းရှောင်ဘဲ နေသော်လည်း ယန်ကျင်းဇီ သူ့ကို ဆက်တိုက်နမ်းနေသည်အား တွေ့ရသောအခါ သူသည် နောက်ဆုံးတွင် သည်းမခံနိုင်ဘဲ ယန်ကျင်းဇီကို တွန်းထုတ်လိုက်တော့သည် : " ဖယ်တော့! "
ယန်ကျင်းဇီသည် ရယ်မောကာ လုကျင်းရှို့ကို ထပ်နမ်းလိုက်သည်။ ထို့နောက် သူသည် ထခုန်ပြီး လုကျင်းရှို့အတွက် ဗီရိုထဲမှ အပြာရောင်ဝတ်စုံတစ်စုံကို ယူပေးသည် : " ချစ်ရတဲ့ ဦးလေးလုရေ၊ ဒီနေ့ ဒီဝတ်စုံကို ဝတ်ပါ။ မင်းရဲ့အသားအရောင်နဲ့ အထူးလိုက်ဖက်ပါတယ်။ "