ယန်ကျင်းဇီက ရှဇီရှိူ့ကို မြင်သောအခါ ရှဇီရှိူ့ကလည်း ယန်ကျင်းဇီကို မြင်လေသည်။
ယန်ကျင်းဇီ နေထိုင်ရာ ဝေးလံခေါင်သီသော ကြယ်စင်စုဟာ ကြယ်မြို့တော်ဂြိုဟ်နှင့် ဝေးကွာလွန်းပြီး ဆက်သွယ်ကိရိယာနှင့် သူ့ကို တိုက်ရိုက်ဆက်သွယ်ဖို့ရန်ပင် နည်းလမ်းမရှိချေ။ ထို့ကြောင့် ရှမိသားစုသည် ယန်ကျင်းဇီအကြောင်းကို သိပ်မသိကြဘဲ သူ့ကို ပေးထားသည့် အချက်အလက်ထဲတွင်လည်း ဓာတ်ပုံမရှိပေ။
သို့သော် Kamil ဂြိုဟ်ပေါ်ရှိ စံအိမ်များသည် အလွန်ကြီးမားကျယ်ဝန်းပြီး တစ်ဦးနှင့်တစ်ဦး ဆက်သွယ်မှု အနည်းငယ်သာ ရှိသောကြောင့် စံအိမ်၏တံခါးဝတွင် ပေါ်လာသော လူသည် သူ့ကို လာနှုတ်ဆက်သည့် ယန်ကျင်းဇီပင် ဖြစ်ရမည်။
ကားပျံရပ်သွားသည်နှင့် ရှဇီရှိူ့သည် ယဉ်ကျေးစွာ ပြုံးထားသော်လည်း ယန်ကျင်းဇီ၏ အဝတ်အစားများကို မြင်သောအခါ သူ့အပြုံးကို ဆက်လက်ထိန်းသိမ်းရန် အနည်းငယ် ခက်ခဲသွားရှာသည်။
ဒီလူ... ဘာကြောင့် ဒီလူရဲ့ပုံစံက သူ့တစ်ကိုယ်လုံးမှာ ဇိမ်ခံပစ္စည်းတွေကို ချိတ်ဆွဲပြီး ရူးမိုက်တဲ့ နည်းလမ်းနဲ့ သူ ဝတ်ထားတာတွေက ဇိမ်ခံပစ္စည်းတွေပါလို့ လူတိုင်းကို သိစေချင်နေသလို ဖြစ်နေတာလဲ?
အမှန်တော့ ဤအရာများထဲမှ တစ်ခုတည်းကို ဝတ်ဆင်မည်ဆိုလျှင်ပင် ၎င်းက ကြည့်ရသိပ်မဆိုးနိုင်ချေ။ သို့သော်ငြား ဤလူ၏ ကမောက်ကမ တွဲဖက်ဝတ်ဆင်မှုကြောင့် ၎င်းက တကယ်ကို ရုပ်အဆိုးဆုံး ဖြစ်နိုင်လာခဲ့သည်။
ရှဇီရှိူ့သည် ဝတ်စားဆင်ယင်မှုကို အလေးထားသူ မဟုတ်ပေ။ သူသည် အလွန်ကြည့်ကောင်းပြီး မပြင်ဆင်လျှင်ပင် ပြဿနာများစွာကို ဖြစ်စေနိုင်သည်။ သူသာ သေချာဝတ်စားမယ်ဆိုရင်ရော ဘာတွေဖြစ်ကုန်မလဲ?
သို့ရာတွင် သူက ဝတ်စားပြင်ဆင်ရသည်ကို မနှစ်သက်ဘဲ မည်သို့ဝတ်စားပြင်ဆင်ရမည်ကိုလည်း မသိလျှင်တောင်မှ သူသည် သူ့ရှေ့မှ လူဟာ မျက်လုံးထဲတွင် တကယ်ကို ပြင်းရှလွန်းသည်ဟု ခံစားနေရဆဲဖြစ်သည်။
ဒါပေမယ့် ဘာဖြစ်တာလဲ သူ မသိဘူး၊ သူ ဒီစူးရှရှပုံစံနဲ့ လူကို ကြည့်လိုက်တော့ အံ့ဩဖို့ကောင်းလောက်အောင် ခံစားလိုက်ရတယ်... သူ ဒီလူကို တော်တော်လေး သဘောကျလားလို့?