အပိုင်း ၁၀၇ ( The President 7 )

1.1K 63 8
                                    

ချီရှန်းအုပ်စုက ဘယ်လောက်တောင် ကြီးလိုက်သလဲ?

ချီရှန်းရဲ့ ဒါရိုက်တာ၊ သူ့မှာ ပိုက်ဆံဘယ်လောက်ရှိနိုင်လဲ?

ဒီလူ၊ သူက တကယ်ပဲ ချီရှန်းရဲ့ ဒါရိုက်တာလား?

“ အတုမလား? ချီရှန်းမှာ အဲ့ဒါရိုက်တာ ရှိတယ်ဆိုရင်တောင် သူက ဒီလောက်ငယ်မနေသင့်ဘူး။ ”

“ ဘယ်လိုလုပ် ချီရှန်းရဲ့ ဒါရိုက်တာက အွန်လိုင်းမှာ ကြယ်ပွင့်နောက်လိုက်နေတာလဲ? ”

“ @ယန်ကောချီ၊ ဒီဒါရိုက်တာက ဘာဖြစ်နေတာလဲ? ”

အင်တာနက်ပေါ်မှ လူများသည် ဆူညံပွက်လောရိုက်နေကြပြီး ခဏကြာသည့်အထိ ယန်ကျင်းဇီနှင့် ကျန်းယွင်ရှို့တို့ come out လုပ်ကြသော ကိစ္စကို ဘယ်သူကမှ မပြောခဲ့ကြချေ။

ယန်ကျင်းဇီသည် ဆူညံပူညံ လုပ်နေကြသည့် ထိုလူများကို ဂရုမစိုက်ပေ။ သူက ကျန်းယွင်ရှို့ကို ကြည့်သည် : “ ကိုယ် Weibo မှာ ပို့စ်တင်ပြီးပြီ။ မင်းရော ပို့စ်တင်ဦးမလား? ”

“ ကောင်းပြီ။ ” ကျန်းယွင်ရှို့သည် သူ့လက်ကိုင်ဖုန်းကို ထုတ်လာသည်။

ယန်ကျင်းဇီသည် ဖုန်းလှမ်းယူ၍ ပြောလိုက်သည် : “ ကိုယ် တင်လို့ရမလား? ” ကျန်းယွင်ရှို့၏ Weibo တွင် တိုက်‌ခိုက်နေသူများစွာ ရှိလိမ့်မည်ဖြစ်ပြီး သူသည် ကျန်းယွင်ရှို့ကို မတွေ့မြင်စေချင်ချေ။

ကျန်းယွင်ရှို့က ချက်ချင်း သဘောတူသည် : “ စကားဝှက်က သုညခြောက်လုံး။ ”

ယန်ကျင်းဇီသည် စကားဝှက်နှိပ်၍ ကျန်းယွင်ရှို့၏ ဖုန်းကို ဖွင့်လိုက်ပြီး Weibo ကို နှိပ်လိုက်ကာ မရေမတွက်နိုင်သော ကောမန့်များနှင့် ထပ်ဆင့်ရှဲမှုများကို တွေ့လိုက်ရသည်။ သီးသန့်မက်ဆေ့ မရှိချေ။ ကျန်းယွင်ရှို့က သူငယ်ချင်းမဟုတ်သူများ သီးသန့်မက်ဆေ့ မပို့နိုင်ဟု သတ်မှတ်ထားပုံရသည်။ ထို့အပြင် သူက လူများကို follow လုပ်ရသည်အား မနှစ်သက်သဖြင့် အခြားသူများက သူ့ကို သီးသန့်မက်ဆေ့ လုံးဝ မပို့နိုင်ချေ။

ယန်ကျင်းဇီသည် ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး ကောမန့်များနှင့် ထပ်ဆင့်ရှဲခြင်းများတွင် ထောက်ခံသူများနှင့် အမုန်းစကား ကောမန့်တချို့ ရှိကြောင်း တွေ့လိုက်ရသည်။

ချစ်ခင်ပွန်း ( ဘာသာပြန် ) [ ဒုတိယမြောက် ]Tempat cerita menjadi hidup. Temukan sekarang