အပိုင်း ၁၂၂ ( The President 22 - end )

3.5K 591 22
                                    

မနေ့ညက တစ်ညလုံး ဆူဆူညံညံ ဖြစ်ခဲ့ပြီး ရေတပ်သည် တစ်ယောက်ပြီးတစ်ယောက် တိုင်တည်ပြော‌ဆိုခဲ့ကြသည်။ အင်တာနက်အသုံးပြုသူ အများအပြားသည် ကျန်းယွင်ရှိူ့၏ ခိုးကူးမှုဟာ တကယ့်အမှန်ဟု တွေးခဲ့ကြ၏။ ဒါပေမယ့် အခု ကြည့်လိုက်တော့ အကုန်လုံး အတုတွေချည်းပဲ!

ရေညစ်များဖြင့် ပက်ဖျန်းကြပြီး ပက်ဖျန်းမှုဟာ မရိုးမဖြောင့်။

သို့သော် ‘Lights’ မှ သီချင်းများကို သုံးလကြိုတင်ထားသော အချက်ကို ကိုင်စွဲထားသည့် လူများလည်း ရှိနေဆဲဖြစ်သည်။ ကျန်းယွင်ရှိူ့က အခွေအသစ်အတွက် သီချင်းများကို မကူးယူထားလျှင်ပင် ‘Lights’ တွင် ကူးယူထားသည်ဟု သူတို့က ယူဆထားကြသည်။

ဒါပေမယ့် ကျန်းယွင်ရှိူ့က ‘Lights’ ကို ဖန်တီးဖို့ဆိုရင် အခွေမထွက်ခင် သုံးလအလိုမှ စပြင်ဆင်တာနဲ့ သင်္ကေတနုတ်တစ်ခုတောင် မပြောင်းပဲ ကူးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား?

ဘယ်လိုလုပ်ပြီး ကျန်းယွင်ရှိူ့က အဲ့လောက်တုံးမှာတုန်း?

အဲ့ဒီ့ Twitter account ပိုင်ရှင်က တခြားသက်သေ မထုတ်ပြနိုင်ဘူးဆိုရင် ကျန်းယွင်ရှိူ့က ကူးယူတယ်လို့ ပြောရအောင် သူက ဘယ်သူမို့လို့လဲ?

ယန်ကျင်းဇီသည် ထိုလူက သက်သေမပြနိုင်ကြောင်း သိသည်။

ဤ Twitter acc ပိုင်ရှင်သည် ကျန်းယွင်ရှိူ့ကို မတ်တပ်ရပ်ပြီး ထိပ်တိုက်ရင်ဆိုင်ရန်ပင် သတ္တိမရှိချေ။

ဘာကြောင့်လဲဆိုတော့ သူ့မှာ ဘာသက်သေမှ လုံးဝ မရှိလို့ပဲ!

မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် ဤအဖြစ်အပျက် ဖြစ်ပြီးနောက် ကျန်းယွင်ရှိူ့သည် တရားစွဲဆိုချင်ပြီး ထို Twitter acc ပိုင်ရှင်ကိုလည်း ဆက်သွယ်ချင်ခဲ့သည်။ သို့သော်  ထို Twitter acc ပိုင်ရှင်က ကျန်းယွင်ရှိူ့ကို ကူးယူမှုကြောင့် ပြစ်တင်ရှုတ်ချကြောင်း ပို့စ်တင်ခဲ့ပြီး သူ့အတွက် သီချင်းရေးစပ်ခြင်းဟာ ဝါသနာတစ်ခုသာ ဖြစ်ကာ အပျော်တမ်းအတွက်သာ ဖြစ်ကြောင်း ပြောသည်။ ထို့အပြင် နိုင်ငံရပ်ခြားမှာ အရမ်းကွာဝေးလွန်းသောကြောင့် ကျန်းယွင်ရှိူ့နှင့် တရားရုံးကို မသွားတော့ဟု ပြောသေးသည်။

ချစ်ခင်ပွန်း [ ဒုတိယမြောက် ]Where stories live. Discover now