အပိုင်း ၁၈၅ ( Rich Second Generation 9 )

2.2K 388 12
                                    

ယန်ကျင်းဇီသည် လုကျင်းရှိူ့ဘေးတွင် ဝင်လှဲပြီး ခဏတာ ကျေနပ်သွားသော်ငြား ရှေ့ဆက်တိုး၍ လုကျင်းရှိူ့နှင့် စောင်တစ်ထည်တည်း ‌ဝေမျှရန် မဝံ့ရဲပေ — လုကျင်းရှိူ့က သူ့ကြောင့် နိုးသွားပြီး သူ မောင်းထုတ်ခံလိုက်ရရင် သူ ဘာသွားလုပ်ရမလဲ?


စဉ်းစားပြီးနောက် ယန်ကျင်းဇီသည် နောက်တစ်ခေါက် ထကာ စောင်တစ်ထည်ကို ဖက်ပြီး လုကျင်းရှိူ့ဘေးတွင် ထားပြီး ပြန်လှဲလိုက်သည်။


ယန်ကျင်းဇီ၏ အိပ်စက်မှုစွမ်းရည်က အလွန်ကောင်းသည်။ ယနေ့တွင် သူသည် သူ့ကို ပျော်ရွှင်စေသော ကိစ္စများစွာကို တွေ့ကြုံခဲ့ရသည်။ သူ့စိတ်အခြေအနေ ကောင်းမွန်သောအခါ သူသည် လျင်မြန်စွာ အိပ်ချင်လာပြီး မကြာမီ ချက်ချင်း အိပ်မောကျသွားသည်။


ညသန်းခေါင်တွင် လုကျင်းရှိူ့သည် ဆတ်ခနဲ အိပ်ရာနိုးလာသည်။


သူသည် မျက်လုံးဖွင့်ပြီး အိပ်မက်ဆိုးကြောင့် ပိုမိုမြန်ဆန်နေသော သူ့နှလုံးခုန်သံကို ငြိမ်သက်စေနေချိန်တွင် သူ့ဘေးတွင် လူတစ်ဦး လှဲနေသည်ကို တွေ့ရှိသွားသည်။ 


အသက်ရှူသံက သူ့ကို အလိုအလျောက် တိုက်ခိုက်စေချင်သည်။ ကံကောင်းစွာဖြင့် အိပ်ခန်းထဲရှိ ညမီးဟာ ပွင့်နေသည်။ အလင်းရောင်ကြောင့် သူသည် သူ့ဘေးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ယန်ကျင်းဇီကို တွေ့လိုက်ရသည်။


လုကျင်းရှိူ့သည် ယန်ကျင်းဇီကို မယုံသင်္ကာဖြစ်စွာ ကြည့်မိသည်။


အိပ်‌မပျော်တဲ့ရောဂါ ဖြစ်နေတဲ့ သူက လူတစ်ယောက် သူ့ကို "နှိပ်"ပေးနေတုန်းမှာ အိပ်ပျော်သွားခဲ့တာလား?


ပြီးတော့ သူ အိပ်ပျော်သွားတာတောင် ယန်ကျင်းဇီက မထွက်သွားဘဲ သူ့ခုတင်ပေါ်မှာ လှဲနေတယ်လား?


ယန်ကျင်းဇီက သူ တစ်ခုခု လုပ်မှာ မကြောက်ဘူးလား? ဘယ်လိုတောင် သူက အရမ်းအကာအကွယ်မဲ့နေနိုင်ရတာလဲ!

ချစ်ခင်ပွန်း [ ဒုတိယမြောက် ]Where stories live. Discover now