အပိုင်း ၁၅၂ ( Mine Owner 1 )

5K 520 23
                                    


မိုင်းပိုင်ရှင်


ယန်ကျင်းဇီသည် သူ့ခေါင်းက ပေါက်ကွဲထွက်တော့မတတ် ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။ တစ်ချိန်တည်းတွင် သူ့အနား၌ သူ့ကို ပိုစိတ်တိုစေသော ဆက်တိုက်ထွက်ပေါ်နေသည့် ဆူဆူညံညံအသံ အချို့လည်း ရှိနေသည်။


ကံကောင်းထောက်မစွာဖြင့် ပြင်းထန်သော နာကျင်မှုလှိုင်းလုံးများဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် သူသည် သူ့ပတ်ဝန်းကျင်ရှိ အသံများကို ရှင်းရှင်းလင်းလင်း ကြားနိုင်လာသည်။


" အရှင့်ရဲ့ စိတ်စွမ်းအင်က ကျနေတာ ရပ်သွားပြီး ပိုအားကောင်းလာပြီ! "


" စိတ်စွမ်းအင် တိုးတက်လာတယ်! ဘုရားရေ! SSS ဖြစ်နေပြီ! "


" ဘုရားသခင်! စိတ်အင်အား စမ်းသပ်ကိရိယာ ပျက်သွားပြီ! စိတ်စွမ်းအင်က သေချာပေါက် SSS ထက် ကျော်သွားပြီပဲ! "


" ဒါက အရှင်ရဲ့ ဒုတိယမြောက် စိတ်စွမ်းအင်နိုးကြားခြင်းလား? "


" ဒါကြောင့် အရှင်ရဲ့ အခြေအနေက ပိုဆိုးသွားနိုင်လား? "


" အရှင်ရဲ့ စိတ်စွမ်းအင်တွေ ငြိမ်သက်သွားပြီ! တကယ် အရမ်းကောင်းတာပဲ! "


...


ဘာအရှင်လဲ? ဘာစိတ်စွမ်းအင်လဲ? ယန်ကျင်းဇီသည် အနည်းငယ် စိတ်မသက်မသာ ခံစားရပြီး ထိုအသံမျိုးကို မကြားချင်တော့ပေ...


သူ့စိတ်ထဲတွင် ဤအတွေး ပေါ်လာသည်နှင့် တပြိုင်နက်နီးပါး၌ အားကောင်းသော စိတ်စွမ်းအင်အရှိန်က သူ့ကိုယ်ထဲမှ ပျံ့နှံ့သွားသည်။


သူ့အနားရှိ လူများအားလုံးသည် ဤစိတ်စွမ်းအင်၏ ဖိနှိပ်အောက်တွင် မလှုပ်မယှက် ဖြစ်သွားကြရသည်။ တစ်ချိန်တည်းမှာပဲ အခန်းထဲတွင် ရှိနေသော စိတ်စွမ်းအင် ထောက်လှမ်းရန် အသုံးပြုသည့် ကိရိယာများ အားလုံးဟာလည်း ပြင်းထန်သော စိတ်စွမ်းအင်ကြောင့် ချက်ချင်း ပျက်စီးသွားခဲ့ကြသည်။ 

ချစ်ခင်ပွန်း ( ဘာသာပြန် ) [ ဒုတိယမြောက် ]Wo Geschichten leben. Entdecke jetzt