ဝမ်ယင်းလီသည် ယန်ကျင်းဇီတို့နှင့် အကြာကြီး မနေပေ။ ကျန်းယွင်ရှိူ့ကို ဆရာဝန်နှင့် ပြရန် ခေါ်သွားပေးပြီးနောက် သူ(မ)သည် ထွက်သွားလေသည်။ မထွက်သွားခင်တွင် သူ(မ)သည် ယန်ကျင်းဇီကိုလည်း ကျန်းယွင်ရှိူ့အား ဂရုစိုက်ရန် အကြိမ်ကြိမ် ပြောဆိုသွားသည်။
သူ့ကို အဲ့လိုလုပ်ဖို့ သူ(မ) မပြောရင်တောင်မှ ယန်ကျင်းဇီက ကျန်းယွင်ရှိူ့ကို ပြုစုစောင့်ရှောက်မှာပဲ!
ဝမ်ယင်းလီ ထွက်သွားသောအခါ ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို ချက်ချင်း အိမ်သို့ပြန်ခေါ်သွားသည်။
အိမ်ထဲရောက်သည်နှင့် ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို သွားနမ်းသည် : " ယွင်ရှိူ့၊ အားလုံး ကိုယ့်အပြစ်တွေပါ... "
" ခဏလေး! " ကျန်းယွင်ရှိူ့က သူ့ကို ချက်ချင်း တားသည် : " ငါ အဝတ်အစားလဲပြီး ရေချိုးချင်တယ်! " ဆေးရုံသို့ တစ်ခေါက်ရောက်ပြီးနောက် ယခု သူသည် မသက်မသာဖြစ်နေသည်...
ယန်ကျင်းဇီက ရယ်မောသည် : " ကိုယ် မင်းကို ကူပေးမယ်။ "
ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို ရေချိုးပေးပြီး ကျန်းယွင်ရှိူ့ ကောင်းကောင်းအနားယူနိုင်စေရန်အတွက် သန့်ရှင်းသော အိပ်ရာခင်းများကိုလည်း ခင်းကျင်းပေးသည်။
ထို့နောက် ကျန်းယွင်ရှိူ့က အဖျားတက်သည်။ အချိန်တချို့ကြာပြီးနောက် လူတစ်ကိုယ်လုံးက ဇဝေဇဝါဖြစ်နေပြီဖြစ်သော်လည်း ထိုသို့ဖြစ်လျှင်တောင် သူက ယန်ကျင်းဇီကို သတိပေးရန် မမေ့ပေ : " အပြင်ကြည့်စင်က အခင်းတွေ မနက်ဖြန် ထပ်လျှော်ရမယ်။ "
" ကောင်းပြီ၊ ကိုယ် ထပ်လျှော်လိုက်မယ်။ " ယန်ကျင်းဇီက ရှေ့တိုး၍ နောက်တစ်ကြိမ် နမ်းလိုက်သည်။
ကျန်းယွင်ရှိူ့သည် သူ့မျက်နှာအနှံ့ကို ယန်ကျင်းဇီထံမှ အနမ်းခံရပြီး ယန်ကျင်းဇီက ဆက်လက်နမ်းရှုပ်နေသည်... ကျန်းယွင်ရှိူ့သည် သူ့မျက်နှာကို ယန်ကျင်းဇီ၏ရင်ခွင်ထဲတွင် ဖွက်၍ နမ်းရန် ငြင်းဆိုသည်။
" ယွင်ရှိူ့၊ မင်းက အရမ်းချစ်စရာကောင်းတယ်။ " ယန်ကျင်းဇီက ပြောသည်။ ကျန်းယွင်ရှိူ့သည် ယန်ကျင်းဇီ၏ရင်ဘတ်ကို ခပ်ဖွဖွ ကိုက်လိုက်သည်။