အပိုင်း ၁၄၈ ( Rogue Champion 24 - end )

980 52 6
                                    

ကျိုးစုန်သည် လုံလောက်စွာ စားသောက်ပြီးနောက် ကောင်တီရုံးသို့ သွား၍ ဝေ့မိသားစုကို ပြဿနာသွားရှာရန် ဆုံးဖြတ်လိုက်သည်။ 


သူ့ဗိုက်ထဲတွင် မီးဒေါသအပြည့် ရှိနေပြီး ဤမီးဒေါသကို ဖွင့်ချရမည့်နေရာ တစ်နေရာ ရှိရမည်ဖြစ်ကာ ဝေ့မိသားစုက အလွန်ကောင်းသော ပစ်မှတ် ဖြစ်သည်။


အမှန်ပင်၊ ထိုသို့မလုပ်မီ သူသည် ဝေ့လင်းရှို့ကို သက်သက်ခေါ်ပြီး မေးမြန်းသည် : " လင်းရှို့၊ မင်းကို ငါ မွေးစားမယ်ဆိုရင် အဆင်ပြေမလား? "


ဝေ့လင်းရှို့ အံ့အားသင့်သွားသည်။


ကျိုးစုန်က ပြောပြသည် : " မင်း ဝေ့မိသားစုမှာ ဆက်ရှိနေမယ်ဆိုရင် ဝေ့မိသားစုက မင်းကို ဒုက္ခပေးနိုင်လိမ့်မယ်။ အကယ်၍ မင်းကို ငါ မွေးစားလိုက်မယ်ဆိုရင် စိတ်ပူစရာ မလိုတော့ဘူး။ "  


ဝေ့လင်းရှို့သာ ဝေ့မိသားစုတွင် ဆက်ရှိနေလျှင် သူဟာ ဝေ့မိသားစု၏လက်ထဲတွင် အမြဲရှိနေပေလိမ့်မည်။


ဥပမာအားဖြင့် အနာဂတ်၌ ဝေ့လင်းရှို့က စီရင်စုစာမေးပွဲကို သွားရောက်ဖြေဆိုမည် ဖြစ်သော်ငြား ဝေ့သခင်မအိုကြီးက သူ(မ)ဟာ အပြင်းအထန် နာမကျန်းဖြစ်နေပြီး သူက သူ(မ)ကို ပြုစုပေးရမည်ဟု ပြောလာလျှင် ဝေ့လင်းရှို့က မဖြစ်မနေ သဘောတူရပေမည် — သူက သဘောမတူခဲ့ဘဲ စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့လျှင်တောင်မှ ထိုကဲ့သို့သော ဝတ္တရားမကျေပွန်သူဟာ နာမည်ဖယ်ရှားခံရမည်ဖြစ်၏။


အခြားဥပမာမှာမူ ဇနီးသည်ကို လက်ထပ်ထိမ်းမြားခြင်းဟာ အောင်သွယ်တော်၏ စကားများနှင့် မိဘများ၏ အမိန့်များ ဖြစ်သည်။ ဝေ့မိသားစုက ယခုအချိန်တွင် ဝေ့လင်းရှို့၏ လက်ထပ်ထိမ်းမြားမှုကို ဆုံးဖြတ်လိုက်လျှင် ဝေ့လင်းရှို့က ၎င်းကို အသိအမှတ်ပြုရုံမှလွဲ၍ ဘာမှမလုပ်နိုင်ချေ။


မင်းဆက်က တိုင်းပြည်ကို တာဝန်ဝတ္တရားကျေပွန်မှုနှင့် အုပ်စိုးသည်။ အကယ်၍များ ဖခင်ဖြစ်သူက သူ့သားကို သတ်လိုက်လျှင်တောင်မှ မင်းအစိုးရက ၎င်းကို ဂရုမစိုက်ပေ။

ချစ်ခင်ပွန်း [ ဒုတိယမြောက် ]Where stories live. Discover now