အပိုင်း ၁၇၃ ( Mine Owner 22 )

2.3K 435 20
                                    

ယန်ကျင်းဇီ၏စိတ်အခြေအနေဟာ ဆိုးရွားနေသည်။

သူ့စိတ်အခြေအနေ ဆိုးရွားသောအခါ သူစိတ်တိုလာလိမ့်မည်။ သူ စိတ်တိုသည်နှင့်တပြိုင်နက် သူသည် Zerg များကို ရိုက်နှက်ရာတွင် အနည်းငယ် ရက်စက်လာသည်။

ယခင်က နေရာတိုင်းတွင် တပ်မှူးအားလုံးကို ရိုက်နှက်ခဲ့ကြသော Zerg များမှာ ယခုမူ သူ၏ လိုက်လံရိုက်နှက်ခြင်းကို ခံနေကြရသည်။

တပ်မှူးများ " ... "

ယခင်က သူတို့ရှေ့တွင် ယန်ကျင်းဇီ Cossack ကို အမှောက်သိပ်ခဲ့စဉ် သူတို့သည် ယန်ကျင်းဇီက အဆင့် SSS လောက် ဖြစ်နိုင်ကာ သူတို့ထက် အလွန်ဆုံး အဆင့်တစ်ဆင့်သာ ပိုမိုမြင့်မားသည်ဟု ထင်ခဲ့ကြမိသည်။ ယခုမူ ၎င်းကား...

ဒါ အဆင့် SSS လောက်ပဲ မဟုတ်တာ သေချာတယ်!

သူတို့ ရိုးသားလျက်ရှိနေခြင်းကြောင့်သာ ကံကောင်းထောက်မပြီး ယခုအချိန်တွင် သူတို့အလွန်ကံကောင်း၍ အဆင်ပြေသွားသည်။

Lone Wolf ကဲ့သို့ မျိုးဆက်သစ် လူငယ်စွမ်းအားရှင်များ : " ... "

သူတို့သည် ကိုယ့်ကိုကိုယ် အလွန်အစွမ်းထက်သည်ဟု အမြဲထင်ခဲ့ကြသော်ငြား ယနေ့တွင် သူတို့သည် ရိုက်နှိုးခံလိုက်ကြရသည်။

စားပွဲထိုးယူနီဖောင်းတွေ ဝတ်ထားတဲ့ သူတို့နားက လူတွေက သူတို့နဲ့ အသက်တူလောက်ပြီး သူတို့ထက် အားမနည်းကြတဲ့အပြင် ယန်ကျင်းဇီလို နတ်ဆိုးမျိုးလည်း ရှိသေးတယ်!

ဖုဖေး၏အမူအရာဟာ သိသိသာသာ ပြောင်းလဲသွားသည်။ သူသည် ယခင်က ရှဇီရှိူ့ကို သနားခဲ့သည်။ ရှဇီရှိူ့၏လက်တွဲဖော်က သူ့လောက် မကောင်းဟု သူ ထင်ခဲ့မိသည်။ ရလဒ်လား? ရှဇီရှိူ့ရဲ့ နှောင်ကြိုးသွယ်လက်တွဲဖော်က Marshal ဖြစ်နေတယ်!

Marshal က ရှဇီရှိူ့ကို သဘောကျပြီး ရှဇီရှိူ့၏ ထူးချွန်မှုကို တွေ့မြင်ခဲ့သည်။ သို့သော် သူက ရှဇီရှိူ့ကို ဆုံးရှုံးခဲ့၏...

ဗီလာထဲတွင်။

ယခင်အစောက ဗီလာထဲရှိ လူများသည် စိတ်အခြေအနေမကောင်းဖြစ်ခဲ့ကြသည်။ သူတို့အားလုံးသည် သူတို့ကို Zerg များ စားပစ်ကြလိမ့်မည်ဟု အမြဲခံစားခဲ့ကြရသည်။ ကြယ်တာရာမဟာမိတ်၏ ဝေးလံသော ဂြိုဟ်ပေါ်မှ အောက်ခြေရှိ လူများက ငွေရှာရန် အလုပ်များနေသောကြောင့် Zerg ကို လုံးဝ နားမလည်သော်လည်း သူတို့အားလုံးသည် Zerg များ‌အကြောင်း များစွာသိထားကြသည်။

ချစ်ခင်ပွန်း [ ဒုတိယမြောက် ]Where stories live. Discover now