『 မန်နေဂျာကျောက် ၊ ခင်ဗျားမနက်ကပြောတုန်းကဒီလိုမဟုတ်ဘူး။ 』
_________________________________
အစည်းအဝေးခန်းအတွင်း၌ယွီဆွေ့နှင့်ကျောက်ဖုန်းတို့မှာ စားပွဲဝိုင်း၏တစ်ဖက်တစ်ချပ်စီတွင်ထိုင်နေကြကာ ၊ ရှစ်လော့မှာထိုင်တစ်ဝက်-ဆောင့်ကြောင့်တစ်ဝက်ဖြင့်ဘေးတွင်ထိုင်နေပြီးအခန်းတွင်းရှိလေထုမှာလည်းအလွန်မှမသက်မသာနှင့်ထူးဆန်းနေလျက်။
ယွီဆွေ့မှာအပြင်ဝတ်အခြားတစ်စုံအားလဲထားပြီဖြစ်ကာ ၊ ရိုးရိုးရှင်းရှင်းတီရှပ်အားလျော့တိလျော့ရဲဝတ်ထားရာသူသည်ရှစ်လော့ထက်ပင်သိပ်မကြီးသယောင်ခံစားချက်ရစေသည်။
ကျောက်ဖုန်းသည်ယွီဆွေ့၏မျက်နှာထက်ရှိငယ်ရွယ်မှုအားမြင်နေရတိုင်းစိတ်ရှုပ်ထွေးမိရကာမမြင်တွေ့ခဲ့ရသည့်နှစ်နှစ်အတွင်း ယွီဆွေ့သည်ဆံပင်ရှည်လာသည်မှလွဲ၍သူ၏သွင်ပြင်မှာကောင်ငယ်လေးတစ်ယောက်သာရှိသေးသော်လည်း ၊ ထိုလူမှာမကြာမီတွင်ကလပ်ပိုင်ရှင်တစ်ယောက်ဖြစ်လာတော့မည်တဲ့လား ?ယွီဆွေ့နှင့်ရှစ်လော့တို့၏ ပေါ့ပါးလှသည့်ဆင်ယင်ပုံနှင့်ယှဉ်လျှင် ၊ ကျောက်ဖုန်း၏ three-piece suit မှာအလွန်မှပုံစံတကျဖြစ်နေလေရာ ကျောက်ဖုန်းမှာအနေရခက်သွားကာ ချွတ်လိုက်ပြီး : " ဖုန်းထဲမှာဆွေးနွေးဖို့ခက်တဲ့ကိစ္စလေးတွေရှိတော့ ၊ လူတွေ့ဆွေးနွေးဖို့လိုနေသေးတယ်။
ဒါပေမဲ့ Whisper မင်းပြောတဲ့ဒီအကြောင်းအရာက ကိုင်တွယ်ဖို့ခက်တယ် ၊ အမှန်တိုင်းပြောရရင် ... "" ဒီကိစ္စကိုပြောမယ်ဆို ... "
ယွီဆွေ့သည်ကျောက်ဖုန်းစကားအား ဖြတ်ပြောလိုက်ပြီးနောက် ၊ ရှစ်လော့ထံခေါင်းလှည့်ကြည့်လိုက်ကာ -
" ကစားသမားက ဒီမှာရှိနေစရာမလိုဘူးလေ။ "
" ကိစ္စမရှိ ၊ ကိစ္စမရှိ။ တခြားကလပ်က သီးသန့်ဆွေးနွေးကြပေမဲ့ငါတို့ IAC ကတော့ပွင့်လင့်ပြီးရိုးသားတယ် ၊ နောက်ပြီးငါတို့က ကစားသမားရဲ့သဘောထားကိုလည်းလေးစားဖို့မျှော်လင့်တဲ့အတွက်ဒီလိုပဲပြောကြတာပေါ့။ "
ကျောက်ဖုန်းသည်ပြုံးလိုက်ပြီး “ ငါတို့ကကစာသမားရဲ့ဆန္ဒကိုထိခိုက်စေမှာမဟုတ်သလို ၊ အခြားအသင်းကိုလည်းဖိအားသွားခိုင်းမှာမဟုတ် ” ဟူသည်အားချိတ်ဆွဲထားသည့်နှယ်။
ယွီဆွေ့မှာယင်းအားကြားသည့်အချိန်တွင်ခေါင်းငုံ့ပြုံးလိုက်ကာ ၊ ဂရုလည်းမထားချေ။
YOU ARE READING
မြူအုပ် || ဘာသာပြန်
Romance「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။