『 နောက်တစ်ယောက် ၊ Whisper 』
___________________________________
ဒုတိယထပ်၏စင်္ကြံလမ်းထက်တွင်အန်တီကြီးကကြမ်းတိုက်နေခဲ့ကာ ၊ ယွီဆွေ့သည်အန်တီကိုနှုတ်ဆက်စကားဆိုလိုက်ပြီးလသာဆောင်အနီးရှိမှန်တံခါးရှေ့တွင်ရပ်ကာနံရံမှီလျက်ဖုန်းကြည့်နေသည်။
အန်တီကြီးကလသာဆောင်ရှိရှစ်လော့ကိုကြည့်လိုက်ပြီး ၊ အသက်ငယ်ငယ်တွင်ဆေးလိပ်သောက်ခြင်းကအဆုတ်ကိုမည်မျှပင်ဆိုးရွားစွာထိခိုက်စေကြောင်းကိုရှန်ဟိုင်းစကားဖြင့်ဆိုရာယွီဆွေ့မှာလည်းခေါင်းညိတ်ထောက်ခံကာဆိုလိုက်၏။" ဟုတ် ၊ ကျွန်တော်သူ့ကိုပြီးရင်ပြောမှာပါ။ "
အန်တီကြီး၏စင်္ကြံလမ်းတွင်ကြမ်းတိုက်ခြင်းအမှုကလျင်လျင်မြန်မြန်ပင်ပြီးဆုံးသွားပြီးနောက် ၊ သူမကပထမထပ်သို့ကြမ်းတိုက်တံနှင့်ခြင်းတောင်းတို့သယ်ကာဆင်းသွားတော့သည်။
ထို့နောက်ယွီဆွေ့သည်လည်းကိုယ်ကိုလှည့်လိုက်ပြီးတံခါးဖွင့်၍လသာဆောင်ထံလျှောက်သွားကာ ၊ ရှစ်လော့မှာကားလသာဆောင်၏ကျောက်သားလက်ရန်းကိုမှီလျက်မျက်ဝန်းတို့ကိုဝေ့ဝဲကြည့်လာချေ၏။ထိုသူ၏နှုတ်ခမ်းထက်မှဆေးလိပ်မှာကုန်လုနီးနီးရှိနေပြီဖြစ်ပြီး ၊ ယွီဆွေ့မှာရှစ်လော့ထံလျှောက်လှမ်းလိုက်သွားပြီးနှုတ်ခမ်းထက်ရှိဆေးလိပ်ကိုလည်းလက်ဖြင့်ဆွဲယူလိုက်လျက်လသာဆောင်ရှိပြာခွက်ထဲထံပစ်လိုက်တော့သည်။
ယွီဆွေ့သည်ရှစ်လော့နှင့်အလွန်နီးကပ်နေပေရာ ၊ ရှစ်လော့မှာအနောက်ထံသို့အလိုလိုလှမ်းကြည့်လိုက်မိရကာဒုတိယထပ်စင်္ကြံလမ်းတွင်ရှင်းလင်းနေသည်ကိုမြင်မှသာလျှင်လသာဆောင်၏ကျောက်သားလက်ရန်းကိုပြန်မှီချလိုက်၏။" ဘာကြောက်နေတာလဲ ?မြင်သွားတော့လည်းမြင်သွားတယ်ပေါ့။ "
ယွီဆွေ့မှာလည်းရှစ်လော့၏ဘေးတွင်နေရာယူ၍လက်ရန်းကိုမှီလိုက်ပြီး -
" ခုနကရောကိုယ့်ကိုနာကျင်ရအောင်တမင်လုပ်ခဲ့တာလား ?"
" ဒီတစ်ခါတော့တကယ်မဟုတ်ဘူး။ "
ESTÁS LEYENDO
မြူအုပ် || ဘာသာပြန်
Romance「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။