အခန်း - ( ၅၇ )【 U 】

501 103 15
                                    

『 ခင်ဗျားဘယ်အချိန်တည်းကကျွန်တော့်ကိုသဘောကျတာလဲ ?』

_______________________________

ယွီဆွေ့ပြည်ပမထွက်ခွာခင်တွင် FS အသင်းသားဟောင်းများသည်ယွီဆွေ့၏မွေးနေ့ပွဲကျင်းပပေးခဲ့ကြပြီး ၊ ထိုပွဲတွင်ရှစ်လော့သည် truth or dare ကစားရာ၌ရှုံးနိမ့်ခဲ့ကာအပြစ်အနေနှင့်ယွီဆွေ့ကိုမထင်မှတ်ထားစွာနမ်းခဲ့ရ၏။ ချန်းဟော်သည်ယင်းမှာယွီဆွေ့၏အနမ်းဦးဖြစ်နိုင်သည်ဟုဆိုခဲ့သည့်တိုင်ရှစ်လော့မှာအပြည့်အဝမယုံခဲ့ချေ။

ရှစ်လော့၏မျက်ဝန်းတို့မှာအနည်းငယ်မျှတုန်လှုပ်သွားရလျက် : " အဲ့ ၊ အဲ့ဒါတကယ်ခင်ဗျားရဲ့ ... ပထမဆုံးအနမ်းလား ?"

" မဟုတ်ရင်ရော ?ကိုယ့်မှာသာတကယ်ပဲအချစ်ဇာတ်လမ်းဟောင်းလေးတွေရှိခဲ့ရင်။ "

ကူကယ်ရာမဲ့မှုများမှာယွီဆွေ့၏မျက်ဝန်းတို့ထက်ဖြတ်ပြေးသွားကာ -

" အစောကြီးတည်းကအဲ့ဒီကိစ္စကအဖော်ခံရလောက်ပြီးပြီပေါ့။ "

ရှစ်လော့တွေးကြည့်မိရာယင်းမှာအမှန်ပင် ၊ ယွီဆွေ့မှာပွဲဦးမထွက်ခင်အချိန်တွင်ချစ်ကြိုက်ခဲ့ရန်မှာအလွန်ငယ်သေးလှပြီးပွဲဦးထွက်ပြီးမှချစ်ကြိုက်မိလျှင် ... ယွီဆွေ့၏စိတ်ကူးယဉ်ရည်းစားကောင်မလေးပရိတ်သတ်များရှိရာဖုံးကွယ်ထားနိုင်မည်မဟုတ်။ သို့နှင့်ထိုပြစ်ဒဏ်မှာယွီဆွေ့၏အနမ်းဦးဖြစ်လာခဲ့သည်။

ရှစ်လော့သည်လွန်ခဲ့သည့်နှစ်နှစ်ကထိုမြင်ကွင်းကိုပြန်လည်မြင်ယောင်ကြည့်မိကာ ၊ သူ၏ဆံဖြူတို့ကိုဆွဲဆုပ်လိုက်မိပြီးလည်ချောင်းထဲတွင်ဆို့နင့်လာတော့၏။

အဲ့ဒါကယွီဆွေ့ရဲ့အနမ်းဦးတဲ့။
နှမြောစရာကြီး။

ထိုအချိန်ကရှစ်လော့မှာချန်းဟော့ကြောင့်အလွန်အမင်းဒေါသထွက်နေခဲ့ရသဖြင့် ၊ နမ်းနေချိန်တွင်မည်သို့ခံစားခဲ့ရကြောင်းကိုမမှတ်မိပါတော့ချေ။
ရှစ်လော့သည်မျက်ဝန်းကိုပင့်လျက်ယွီဆွေ့ထံကြည့်လိုက်မိပြီးသူ၏နားတို့မှာအနည်းငယ်ပူလာကြလျက်။

ထိုသူ၏အနမ်းဦးမှာမိမိဖြစ်ပေရာယင်းကိုမှတ်မိသည်ဖြစ်စေ ၊ မမှတ်မိသည်ဖြစ်စေသူအမှုမထားနိုင်တော့ပေ။
ယွီဆွေ့၏အနမ်းဦးမှာသူ၏အပိုင်ဖြစ်ပြီးအခြားမည်သူ့အပိုင်မျှမဟုတ်ချေ။

မြူအုပ် || ဘာသာပြန်Hikayelerin yaşadığı yer. Şimdi keşfedin