『 သူပြန်လာလေပြီ။ 』
________________________________
အချိန်ကား နံနက်ခင်း နှစ်နာရီ : ရှန်ဟိုင်းမြို့ရှိ FOG ၏ IAC E-sports Club အဆောက်အဦးမှာမီးများထိန်လင်းလို့နေလျက်။
လေ့ကျင့်ရေးပွဲစဉ်မှာ ယခုလေးတင်ပြီးဆုံးသွားကာ ၊ ကိုယ်ပိုင်အချိန်သို့ရောက်ရှိနေပြီဖြစ်၏။ထိုနေရာရှိကစားသမားများမှာရေမိုးချိုးသန့်စင်ကြလျက်အစားအစာများလည်းမှာယူနေကြပြီး ၊ လေ့ကျင့်ရေးအခန်းထဲ၌ကျန်ခဲ့လေသောတစ်ဦးတည်းသောသူရှစ်လော့မှာသူ၏နေရာတွင်ဂိမ်းကစားနေသည်။
ယင်းမှာရှစ်လော့သည်ဝီရိယရှိရှိဖြင့်ကြိုးစားနေခြင်းမဟုတ် ၊ လကုန်ရက်ရောက်လာသည်နှင့်အညီသူ၏စာချုပ်အတွက်နာရီ၂၀စာတိုက်ရိုက်ထုတ်လွှင့်ရန်အကြွေးကျန်နေပါသောကြောင့်ဖြစ်၏။ရှစ်လော့ ၊ Evil ၊ ၁၉နှစ် ၊ ငယ်ရွယ်ပြီးအရည်အချင်းရှိ ၊ ကံမကောင်းစွာနှင့် အလွန်တရာမှလည်းချောမော ၊ သူ၏လွန်ခဲ့သောနှစ်နှစ်မှပွဲဦးထွက်ကစားပြီးတည်းကနိုင်ငံ၏ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်လာခဲ့သူ။
ယခုတွင် IAC အသင်း၏အဓိကအရေးကြီးသူ ၊ ထိုအသင်း၏ ဝင်ငွေ ၊ ပင်မထောက်တိုင်လည်းဖြစ်ပေ၏။ရှစ်လော့မှာယခုကဲ့သို့တိုက်ရိုက်ထုတ်လွှင့်ရသည်အားမနှစ်သက်သော်လည်း ၊ စာချုပ်အရတစ်လလျှင်အနည်းဆုံးနာရီ ၃၀ စာလွှင့်ပေးရမည်ဖြစ်သည်။
ထို့ကြောင့်ပင် လကုန်ရက်မှ ၂၉နာရီလောက်လွှင့်ခြင်းသည် အံ့သြဖွယ်ကိစ္စရပ်မဟုတ်ချေ။လေ့ကျင့်ရေးပွဲစဉ်အပြီးမှာပင် ကလပ်၏မန်နေဂျာမှ သူ့အားတိုက်တွန်းခဲ့ခြင်းဖြစ်ကာ ၊ ရှစ်လော့မှာမတတ်နိုင်စွာဖြင့် သူ၏အကြွေးတင်နေသောအိမ်စာအားစတင်ရတော့၏။
ထုတ်လွှင့်ခြင်းအားစတင်လိုက်ပြီး နှစ်မိနစ် ၊ သုံးမိနစ်အကြာတွင်ကား ရှစ်လော့၏ live ထုတ်လွှင့်ခြင်းမှာကြည့်ရှုသူ၃သန်းအထက်သို့ရောက်ရှိသွားခဲ့သည် ၊ မှတ်ချက်များမှာမျက်နှာပြင်ထက်၌ ဆက်တိုက်တက်လာကြတော့သည်။【 ထင်ထားတဲ့အတိုင်းပဲ ၊ ထုတ်လွှင့်နေပြီ။ အားးးးးး။ 】
【 ဟဟဟဟ ၊ လှပတဲ့လလေးရဲ့အဆုံးသတ်ကိုရောက်ခဲ့ပြန်ပြီ ၊ ရှစ်ရှန်*ရဲ့အလုပ်ကြိုးစားတဲ့အချိန်လေး။ 】
[ * : နတ်ဘုရားရှစ်။ ]
ESTÁS LEYENDO
မြူအုပ် || ဘာသာပြန်
Romance「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။