အခန်း - ( ၆၉ )【 U 】

506 69 0
                                    

『 အုပ်စုအဆင့်မှာရှန့်ကျန့်ကရှုံးနိမ့်ထွက်ခွာရတဲ့အရှက်ရဖွယ်အသင်းမှတ်တမ်းအဖြစ်ကျန်အောင်လုပ်နိုင်မလုပ်နိုင်ကတော့အားလုံးအပေါ်မှာပဲမူတည်ပါတယ်။ 』

___________________________________

ရှစ်လော့သည်အဆောင်ခန်းသို့ပြန်လာပြီးမီးဖွင့်လိုက်ခိုက်မျက်ဝန်းတို့မှေးကျဉ်းမိသွားကာ ၊ ထိန်လင်းလင်းမီးရောင်အားနေသားကျရန်စက္ကန့်အနည်းငယ်မျှအချိန်ယူလိုက်ရသည်။
ရှစ်လော့မှာခေါင်းကိုပွတ်သပ်လိုက်မိလျက်ရှုပ်ပွနေသောအခန်းကိုရှင်းလင်းလိုက်ပြီး ၊ ဘေးသို့ပစ်ထည့်ထားသောခရီးဆောင်အိတ်ကိုဆွဲထုတ်လိုက်ကာယင်းပေါ်ရှိပွေလီနေသောဖြတ်ပိုင်းစာရွက်မျိုးစုံကိုဆွဲဖြဲလိုက်ပြီးနောက်စားပွဲအောက်သို့ပြန်ထည့်ထားလိုက်တော့၏။

စားပွဲပေါ်တွင်မူကီးဘုတ်အပိုနှင့်မောက်စ်များကိုတင်လိုက်ပြီးနောက် ၊ ပြတင်းတန်းပေါ်ရှိညိုးနွမ်းလုနီးပန်းများနှင့်အပင်များကိုမြင်တွေ့လိုက်ရရာသောက်ရေသန့်ဘူးကိုဖွင့်ကာရေလောင်းလိုက်ပြီးဘူးခွံကိုအမှိုက်ပုံးထဲထည့်ပစ်လိုက်သည်။
အဝတ်လျှော်ခြင်းတောင်းမြင်တွေ့လိုက်ခိုက်တွင်ကားအဝတ်ညစ်အချို့ကိုခြင်းတောင်းထဲထည့်လိုက်ကာ ၊ မနက်ဖြန်၌အန်တီကြီးလျှော်ဖွတ်နိုင်ရန်ခြင်းတောင်းကိုတံခါးဖွင့်လျက်အပြင်သို့ထုတ်ထားပေးလိုက်၏။

ရှစ်လော့သည်တံခါးပိတ်လိုက်ပြီးအခန်းတွင်းသို့လှည့်ပတ်ကြည့်လိုက်ရာ ၊ ထပ်မံရှင်းလင်းစရာလည်းမည်သည်မျှမကျန်ရှိတော့ပေ။
ပုံမှန်ဆိုလျှင်ယခုအချိန်၌အဆောင်ခန်းသို့ပြန်လာပါကရှစ်လော့မှာရေချိုးသန့်စင်ပြီးနောက်အိပ်စက်ရုံမျှသာဖြစ်သော်လည်း ၊ ယနေ့တွင်အိပ်လိုစိတ်ကင်းမဲ့စွာဖြင့်ဟိုဟိုသည်သည်ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိလျက်။

တစ်ဦးတည်းပွဲစဉ်နှစ်ပွဲလောက်သာသွားကစားလိုက်ချင်မိတော့တယ်!

ရှစ်လော့သည်အခန်းတွင်း၌နှစ်ကြိမ်မျှထပ်မံလှည့်ပတ်လျှောက်ပြီးသည့်နောက်တွင်မည်သို့မျှဆက်လက်သည်းမခံထားနိုင်တော့စွာ ၊ ကုတင်ထက်တွင်ထိုင်လိုက်ကာဖုန်းယူ၍ယွီဆွေ့ထံစာတိုပို့လိုက်ချေသည်။

မြူအုပ် || ဘာသာပြန်Onde histórias criam vida. Descubra agora