အခန်း - ( ၅၀ )【 U 】

537 85 1
                                    

『 မင်းဖေဖေကိုပဲသွားဖာ့ခ်လိုက်တော့။ 』

_________________________________

လောင်ချောင်သည်ယခုပွဲစဉ်တွင်ပေါ်ထွက်ခဲ့ပြီးဖြစ်သောပြဿနာများကိုမှတ်တမ်းတင်ထားရန်စိတ်အားထက်သန်နေခဲ့ပြီးသူ့တွင်ပြောစရာအချိန်များများစားစားမရှိ၍လောလာခဲ့သည်။

" မင်းတို့ပြဿနာတွေကိုမင်းတို့အရင်ပြောကြည့်။ "

Puppy မှာလက်ကောက်ဝတ်လှည့်လိုက်ရင်း -

" ကျွန်တော်ကအနောက်တန်းကနေပြီးအရှင်းလင်းဆုံးမြင်နေရတဲ့သူဆိုတော့ကျွန်တော်စပြောလိုက်မယ် ၊ ကျွန်တော်အခုပွဲမှာတစ်ဖက် Sniper ဆီကလုံးလုံးကြီးဖိနှိပ်ခံထားရတာ။ အားလုံးက Sniper ကစားတာချင်းအတူတူ ၊ Sniper နေရာကပစ်ရတာချင်းအတူတူတစ်ဖက်လူကကျွန်တော့်ထက်သိသိသာသာကြီးကိုအပုန်းတော်နေတယ်။ သူ့ဘက်ကအမြဲကျွန်တော့်နေရာကိုရှာနိုင်ပေမဲ့ကျွန်တော့်ဘက်ကအမြဲသူ့နေရာကိုမတွေ့နိုင်ဘူး ၊ သူ့ဘက်ကလူတွေရဲ့နေရာကိုလည်းမတွေ့နိုင်ဘူး။ ဒါကျွန်တော့်ပြဿနာ။ "

ချန်းဟော်မှာမိမိကိုယ်ကိုပြန်လည်ဆန်းစစ်ခြင်းပြုရသည်ကိုအမုန်းဆုံးဖြစ်ရာဒေါသသံစွက်လျက်ဆိုလာ၏။

" ကျွန်တော် Bison နဲ့ကစားတုန်းကအရှိန်မသေသေးဘူးဖြစ်ပြီးအရမ်းပေါ့ပျက်ပျက်နိုင်လွန်းသွားတယ် ၊ အမှားတွေလည်းအရမ်းလုပ်လွယ်နေတယ်။ ဒီလိုအပြင်းအထန်ပွဲစဉ်မျိုးရဲ့အစောပိုင်းအဆင့်ကအမှားလေးတစ်ခုကတောင်ကွယ်ဝှက်နေတဲ့အန္တရာယ်ဖြစ်လာစေတယ် ၊ ကွယ်ဝှက်နေတဲ့အန္တရာယ်တွေကအများကြီးဖြစ်နေပြီးကျွန်တော်နောက်ပိုင်းအဆင့်တွေမှာမရှောင်နိုင်တော့ဘူးဖြစ်လာတယ်.... "

လောင်ချောင်သည်ယင်းကိုအမြန်မှတ်တမ်းတင်လိုက်ကာ -

" နောက်တစ်ယောက်။ "

ယွီဆွေ့သည် Mouse မျဉ်းကိုတန်းစေရန်ညှိနေရင်းဆိုလာ၏ : " ကျွန်တော်အမှားမရှိခဲ့ဘူး။ "

လောင်ချောင်သည်ခေါင်းညိတ်လိုက်ပြီး -

" အမှန်ပဲ။ "

မြူအုပ် || ဘာသာပြန်Donde viven las historias. Descúbrelo ahora