အခန်း - ( ၅၅ )【 U 】

519 86 5
                                    

『 သွယ်လျသည့်လက်ချောင်းများမှာနတ်ဆိုးဝင်ပူးခြင်းခံရသည့်နှယ် ၊ ကီးဘုတ်၏နံပါတ် ၃ နှင့် ၄ အောက်တည့်တည့်ရှိစာလုံးကိုနူးညံ့စွာဖြတ်တိုက်သွားမိလျက်။ 』

__________________________________

“ အဲ့ဒီလူ ” ဆိုသည်မှာမည်သူကိုရည်ညွှန်းကြောင်းနှင့်ထိုအချိန်ကရှစ်လော့မှာထိုလူ၏အမည်ကိုပင်ထုတ်မပြောချင်လှကြောင်းကိုမြင်ယောင်ကြည့်ပေနိုင်သည်။

" ရှစ်လော့တကယ်သန်မာလွန်းတယ်။ "

ညနေခင်းတုန်းကနားနေခန်းထဲတွင်လောင်ချောင်သည်သူ၏စကားအပြီးတွင်ယွီဆွေ့၏အမူအရာပြောင်းလွဲသွားပုံကိုသတိမပြုမိခဲ့စွာပင်သက်ပြင်းချလျက်ဆက်ဆိုလာခဲ့၏။

" ပွဲစဉ်ကစတော့မယ် ၊ NSN ဒုတိယအသင်းရဲ့ကစားသမားတွေကတစ်ယောက်မှနားနေခန်းထဲကထွက်မလာသေးဘူး။ ပွဲစီစဉ်သူတွေကလည်းဒီအကြောင်းကြောင့်အရမ်းပူပန်သောကရောက်သွားရပြီး ၊ အခြေအနေကဘယ်လိုပဲဖြစ်ဖြစ်ပွဲစဉ်ကိုအရင်ကစားလိုက်ပြီးမှပွဲပြီးသွားရင်ဆက်ပြောကြဖို့တောင်းဆိုတယ်။ NSN ဒုတိယအသင်းရဲ့ကျန်ကစားသမားသုံးယောက်ကလည်းတုံ့ဆိုင်းလာပြီး ၊ သူတို့အရင်ဆုံးကစားလိုက်ကြဖို့ပဲအကြံပေးလာတယ်။ တကယ်လို့အခုပွဲစဉ်ကျမှတစ်ဖက်အသင်းကလုပ်ပွဲမကစားခဲ့ရင်ရောဆိုပြီး ?ဒီလိုသာဆိုဒီအကြောင်းကြောင့်နောက်ပိုင်းမှာအပြစ်ပေးခံရင်ရောဆိိုပြီးပေါ့ ... "

" ရှစ်လော့ကတော့တစ်ဖက်အသင်းကသုံးယောက်မှာသေချာပေါက်ပြဿနာတစ်ခုခုရှိနေကြောင်းပဲဆိုလာပြီးဘယ်သူမှသူ့ကိုနားချလို့မရဘူး ၊ သူနားနေခန်းထဲမှာထိုင်ဆေးလိပ်သောက်နေပြီးအပြင်ကိုလုံးဝထွက်မလာတာ။ သူပွဲစဉ်ကစားဖို့ငြင်းဆန်လိုက်တာကြောင့်ပဲအဲ့ဒီကိစ္စကပိုကြီးသွားပြီး ၊ ဒုတိယအဆင့်လိဂ်ဘက်ကလုပ်ပွဲကစားတဲ့အကြောင်းကိုစတင်စစ်ဆေးခြင်းတွေပြုလုပ်လာတာပဲ။ "

" မုန်လာဥကိုဆွဲထုတ်လိုက်တော့ရွှံ့တွေပါပါလာပြီး*အဲ့ဒီကစားသမားတစုလိုက်ကြီးလည်းပိတ်ပင်ခံလိုက်ရရော။ ရှောင်ကျွင်းရဲ့အသင်းသားသုံးယောက်ဆိုတစ်သက်တာပိတ်ပင်ခြင်းခံလိုက်ရတာ ၊ ရှောင်ကျွင်းကအဲ့ဒီအချိန်ကျမှသိလိုက်ရတော့အသင်းသားတွေနဲ့ပါရန်ဖြစ်တော့မလိုဖြစ်သွားသေးတယ်။ ဒါပေမဲ့တော်ပါသေးတယ် ၊ နောက်ကျတဖြည်းဖြည်းစိတ်လျှော့နိုင်သွားတယ်။ "

မြူအုပ် || ဘာသာပြန်Onde histórias criam vida. Descubra agora