အခန်း - ( ၃၃ )【 U 】

972 147 11
                                    

『 Whisper ငါ့ကိုပြောပါဦးအကူနေရာကကစားတာကျေနပ်စရာကောင်းသလားပျော်စရာကောင်းလား ?』

_________________________________

ယွီဆွေ့သည်သူငယ်ချင်းအဖြစ်လက်ခံလိုက်ပြီးသူ၏ဂိမ်းအတွင်းရှိသူငယ်ချင်းများအရေအတွက်ထံကြည့်လိုက်ရာ ၊ ယွီဆွေ့၏ဗလာသက်သက်မျက်နှာပြင်ထက်တွင်ရှစ်လော့တစ်ဦးတည်းသာတည်ရှိနေလျက်။
ယွီဆွေ့မှာရှစ်လော့၏ပရိုဖိုင်ပုံကို အချိန်အတော်ကြာအောင်ကြည့်နေမိပြီး ၊ ထို့နောက်တွင်ပွဲစဉ်စောင့်ဆိုင်းတန်စီရာမျက်နှာပြင်သို့ပြန်ပြောင်းလိုက်ကာဆက်လက်တန်းစီတော့၏။

အသင်းဖွဲ့စည်းပေးသည့်စနစ်မှာ ကျပန်းဖွဲ့စည်းပေးခြင်းဖြစ်သော်လည်း စင်စစ်ကျပန်းမဟုတ်ချေဘဲ ၊ စနစ်မှာအမှတ်နီးကပ်သည့်သူများကိုသာအတူတူဖွဲ့စည်းပေးတတ်ခြင်းဖြစ်သည်။
ထို့အပြင်ပြည်တွင်းဆာဗာတွင်ရှိသည့်ထိပ်တန်းကစားသမားအရေအတွက်များပြားသည်ဆိုသည်မှာလည်းအကန့်အသတ်နှင့်ရှိရာ ၊ နှစ်ဦးသားတို့ဆုံကြရန်ဖြစ်နိုင်ချေမှာမသေးသည့်တိုင် အတိတ်ကာလနှစ်နှစ်အတွင်းမဆုံဖြစ်ကြရခြင်းမှာပြည်တွင်းဆာဗာနှင့်ဥရောပဆာဗာတို့ခြားနားနေသည့်အကြောင်းပြချက်ကြောင့်ဖြစ်ပေလိမ့်မည်။

တစ်ဖက်တွင်လည်းရှစ်လော့မှာဆက်လက်တန်းစီနေသေးသော်ငြားနှစ်ဦးသားမှာထပ်မံဆုံတွေ့ကြခြင်းမရှိတော့ ၊ သို့ပေတည့်အင်တာနက်တခွင်တွင်အလွန်လှုပ်လှုပ်ရှားရှားဖြစ်သွားစေကာအားလုံးကိုရုတ်ရုတ်သဲသဲဖြစ်သွားစေတော့၏။
ကစားသမားတိုင်းတွင်ပရိတ်သတ်တို့ရှိကြသည်ဖြစ်ပြီးအနည်းနှင့်အများသာကွာသွားကြခြင်းဖြစ်ကာ ၊ ပရိတ်သတ်အရေအတွက်သည်ကားထိုကစားသမား၏အဆင့်အပေါ်တွင်အခြေခံအားဖြင့်မူတည်၍ချောမောသည့်ရုပ်ရည်ရှိလျှင်ပရိတ်သတ်အနည်းငယ်ပိုတတ်လေသည်။

သို့သော်ငြားယင်းမှာယေဘုယျနိယာမကိုတော့သက်ရောက်စေခြင်းမရှိသည့်အပြင် ၊ ထိုနိယာမအတွင်းမပါဝင်သည့်နှစ်ဦးတည်းသောသူမှာတစ်ဦးသည်ရှစ်လော့ဖြစ်ပြီးကျန်တစ်ဦးမှာယွီဆွေ့ပင်တည်း။
ရှစ်လော့သည်ကားပွဲဦးထွက်စကမည်သည့်အောင်မြင်မှုမျှမရှိသေးပါသည့်တိုင်သူသည်အိမ်တွင်းအကကဏ္ဍတွင်ရှိနေခဲ့အချိန်ကာလမှပရိတ်သတ်အဟောင်းများနှင့် FS မှပရိတ်သတ်များကြောင့် ၊ သူသည်မည်သည့်ရလဒ်မျှမရှိသေးသည့်အချိန်တွင်ပင်ပရိတ်သတ်အတော်အများကိုဆွဲဆောင်နိုင်ခဲ့ပေ၏။

မြူအုပ် || ဘာသာပြန်Where stories live. Discover now