အခန်း - ( ၅၉ )【 U 】

648 96 6
                                    

『 ကိုယ်ပုံမှန်ဆိုမင်းအပေါ်ဘယ်လောက်ကောင်းလဲသိပြီမဟုတ်လား ?』

__________________________________

ရှစ်လော့သည်ယွီဆွေ့၏အရံကစားသမားအနေဖြင့် FS ကိုဝင်စတွင်အားလပ်နေသည့်ရက်များစွာရှိပြီး ၊ FS မှသူ့အားလိုအပ်သည့်နေရာမရှိဘဲသူရေသန့်စက်ကိုထိုင်ကြည့်နေလျှင်ပင်ရပြီဖြစ်သည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေပြီးကာ FS လည်းအသင်းမကွဲသေးချိန်တွင်ရှစ်လော့မှာအဆင်မပြေသည့်အချိန်တို့ရှိခဲ့ပြီး ၊ သူပျင်းရိလာသည့်အချိန်များတွင်ကားမကြာခဏပင်ယွီဆွေ့နှင့်သက်ဆိုင်သည့်အကြောင်းအရာတို့ကိုရှာဖွေမိ၏။

ယင်းတို့ထဲတွင်အလွန်ပင်အမြင်ဆွဲဆောင်နိုင်သောယွီဆွေ့နှင့်သက်ဆိုင်သည့်အကြောင်းအရာတစ်ခု၏ခေါင်းစဉ်မှာ :《 ကျော်ကြားသည့်ကစားသမား Whisper နဲ့ချစ်ကြိုက်ရခြင်းကဘယ်လိုအတွေ့အကြုံမျိုးဖြစ်မလဲ ?》

FOG ကစားသမားအများစုမှာတော့တွေးကြည့်ရုံနှင့်ပင်အလွန်ပျော်ရွှင်ဖွယ်ကောင်းလှမည်ဖြစ်ကြောင်းဆိုလာကြသည်။
Whisper နှင့်တွဲမည်ဆိုပါကဘဝတစ်လျှောက်လုံးငွေကိုစိတ်ပူနေစရာမလိုစွာဖြင့်စားသောက်နိုင်မည်ဖြစ်​ပြီး ၊ ဘိုးဘေးအုတ်ဂူထဲမှကံကောင်းခြင်းများဖြန်းပက်လာသကဲ့သို့ငွေလာပင်ကြီးနှယ်ငွေဝင်စေလိမ့်မည်ပင်။

ယွီရှန်းသည်အလိုရှိသမျှအရာအားလုံးရနိုင်မည်ဖြစ်ကာ ၊ ချစ်ကြိုက်နေရခြင်းမှာလည်းအလိုလိုပင်တစ်လျှောက်လုံးပျော်ရွှင်နေရမည်ဖြစ်၏။
ပြောကြသည်မှာယွီရှန်း၏မိဘများမှာပညာရေးနှင့်ထိတွေ့နေကြသူများဖြစ်ရာ ၊ မွေးဖွားလာမည့်ကလေး၏ IQ မှာလည်းသေချာပေါက်နိမ့်မည်မဟုတ်ချေ။

မည်သည့်နေရာကကြည့်ကြည့်အဖက်ဖက်ကသင့်တော်လှပြီး ၊ မည်သို့ပင်တွေးတွေးအရှုံးမရှိအမြတ်သာရှိသည့်အခြေအနေပင်တည်း။
ယွီဆွေ့၏မူလပရိတ်သတ်တို့မှာသာ၍ပင်တည်ငြိမ်နေကာ ၊ ထိုလှပသောစိတ်ကူးယဉ်အတွေးများကိုဆင်ခြင်နိုင်စွမ်းဖြင့်ဝေဖန်ပိုင်းခြားပြလာကြသည်။

မြူအုပ် || ဘာသာပြန်Onde histórias criam vida. Descubra agora