『 ၂၀၁၇ခုနှစ် ၊ ၇လပိုင်း ၂၂ရက်တွင်ယွီဆွေ့၏ဘဝတစ်သက်တာတွင်အခက်ခဲလှပါဆုံးသောမွေးနေ့အားဖြတ်သန်းခဲ့ရပါ၏။』
___________________________________
၂၀၁၇ခုနှစ် ၊ ၇လပိုင်း ၂၂ရက်တွင်ယွီဆွေ့၏ဘဝတစ်သက်တာတွင် အခက်ခဲလှပါဆုံးသောမွေးနေ့အားဖြတ်သန်းခဲ့ရပါ၏။
ယွီဆွေ့သည်မနက်အိပ်ယာထမှစ၍ တစ်စုံတစ်ခုသည်မှားယွင်းနေသည်ဟုခံစားနေခဲ့ရပြီး ၊ ထိုနေ့ကသူ၏ဝမ်းဗိုက်ဝေဒနာမှာလည်းပြင်းပြင်းထန်ထန်နာကျင်လာခဲ့သည်။
သူ၏ဝေဒနာမှာအစဉ်နာကျင်နေခဲ့သည်ဆိုပါသည့်တိုင်ယခုကဲ့သို့မနက်အစောမှစ၍အလွန်နာကျင်လာခြင်းမရှိခဲ့ဖူး ၊ သို့ပေတည့်ယွီဆွေ့သည်အသင်းသားတို့၏စိတ်ကိုအနှောင့်အယှက်မဝင်ချင်ခဲ့ပေ။သူသည်အားတင်းထလိုက်ပြီးနောက် မိဘများပေးပို့လာဖူးပါသည့်ဝမ်းဗိုက်ဝေဒနာဆေးအားတွေ့သွားကာ ၊ သူသည်တစ်ခွက်သောက်ရန်အောက်သို့ဆင်းလာခဲ့၏။
ချန်းဟော်သည်လည်းထလာပြီးအောက်သို့ဆင်းလာရာ ၊ ယွီဆွေ့မှပွက်ပွက်ဆူနေသည့်ခွက်ကိုကိုင်ထားသည်အားတွေ့သွား၍မျက်မှောင်ကျုံ့လာကာ -" မင်းဘာဖြစ်လို့လဲ ?"
ယွီဆွေ့၏နှုတ်ခမ်းသားတို့မှာ အနည်းငယ်ဖြူဖျော့လို့နေကာ ၊ သူသည်ဆေးတစ်ငုံသောက်လိုက်ပြီး -
" လစဉ်ကိစ္စဖြစ်လို့လေ ၊ ဘာဖြစ်လို့လဲ ?"
" ငိုး။ "
ချန်းဟော်သည်ရယ်လိုက်လျက် -
" သိပြီ ၊ ဒါဆိုဒီညမင်းကိုအအေးပေးမသောက်တော့ဘူးနော်။ မွေးနေ့မှာပျော်ရွှင်ပါစေ။ "
လောင်ချောင်နှင့် Puppy တို့မှာလည်းတစ်ယောက်ပြီးတစ်ယောက်ထွက်လာကြကာလောင်ချောင်မှာယွီဆွေ့၏အခြေအနေသည်အနည်းငယ်မှားယွင်းနေကြောင်းတွေ့မြင်သွား၍အခြေအနေမေးမြန်လိုက်ပြီး ၊ ယွီဆွေ့သည်ဆေးသောက်လိုက်ပြီးနောက်အသွင်အပြင်မှာပိုအဆင်ပြေသွားခဲ့လျက်နှင့်လောင်ချောင်အားလက်ခါပြပြီးနောက်ထိုသူ၏အမေဆန်နေမှုကိုတားဆီးလိုက်သည်။
ESTÁS LEYENDO
မြူအုပ် || ဘာသာပြန်
Romance「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။