『 အဲ့ဒီလူကပြောဖူးတယ် ၊ ဒါကဗို့အားမြင့်ဝိုင်ယာကြိုးလိုပဲတဲ့။ 』
__________________________________
နောက်နှစ်နာရီကျော်ကြာသည်အထိရှစ်လော့သည်နီမြန်းနေသည့်ဘယ်ဘက်နားရွက်ကိုမှီထားလျက်ရုပ်တုတစ်ခုနှယ်တောင့်တောင့်ကြီးအိပ်သွားတော့၏။
ထို့နောက်ကျိုးဟော်သည်ကြားဖြတ်အနေနှင့်ရိုက်ကူးရေးအဖွဲ့မှဗွီီဒီယိုမိနစ်ဝက်မျှလာရိုက်သည်ကိုကူညီပေးရန်ရောက်လာပြီး ၊ သူသည်သက်ပြင်းချလျက်ယွီဆွေ့ထံတီးတိုးလှမ်းပြောလိုက်သည်။" Evil ဒီနေ့တော်တော်လိမ်လိမ်မာမာအိပ်နေတာပဲ။ ဖုန်းလည်းမဆော့ ၊ မုန့်လည်းမစား ၊ ဟိုလှည့်ဒီလှည့်လည်းမလုပ်နေဘူး။ တကယ်ကိုသေချာအိပ်ပျော်နေသလိုပဲ။ "
ယွီဆွေ့သည်ဖုန်းထဲရှိ Tetris ဂိမ်းကိုကစားနေကာ ၊ ကျိုးဟော်စကားများကိုကြားလိုက်ချိန်တွင်ရယ်လိုက်မိသော်လည်းမည်သည်မျှထုတ်ဖော်မပြောဆိုခဲ့။
နှစ်နာရီမျှထပ်ကြာပြီးချိန်တွင်လေယာဉ်မှာချောချောမွေ့မွေ့ပင်ဆိုက်ရောက်သွားပြီး ၊ ခရီးဆောင်များယူပြီးသည့်နောက်တွင်ပြိုင်ပွဲကွင်းရှိရာသို့တန်းသွားခဲ့ကြ၏။" ဝမ်ချုံရှန်းနဲ့ကစားတဲ့အခါကျရင်ဘာမှစိတ်လေးလံနေစရာမလိုဘူး ၊ ပုံမှန်အတိုင်းသာကစားရင်ရပြီ။ "
ပြိုင်ပွဲကွင်း၏နားနေခန်းထံရောက်ရှိပြီးချိန်တွင်လောင်ချောင်သည် Tablet ဖွင့်လိုက်ပြီး ၊ ဝမ်ချုံရှန်း၏အသင်းအချက်အလက်များကိုကြည့်ကာ -
" သူတို့ကစားတဲ့ပုံစံကနည်းနည်းတော့မဆင်မခြင်နိုင်တယ်ဆိုပေမဲ့ ၊ မင်းတို့လိုမူးရှူးထိုးနိုင်တဲ့မဆင်မခြင်ပုံစံမျိုးလည်းမဟုတ်ပြန်ဘူး။ ဘာပဲဖြစ်ဖြစ်သူတို့ရဲ့တစ်ကိုယ်ရည်စွမ်းရည်တွေကမင်းတို့လောက်မကောင်းဘူး ၊ သူတို့ကအမှားလုပ်လွယ် စိတ်လိုက်မာန်ပါပြုလုပ်လွယ်တယ်။ ဒါ့အပြင်အဖွဲ့လိုက်ကစားပုံကနည်းနည်းကြမ်းတမ်းတယ် ၊ မင်းတို့ကသူတို့မှားသွားတဲ့အကွက်တိုင်းကိုအမိအရဖမ်းဆုပ်ပြီးဆက်တိုက်ထပ်အမှားကျူးလွန်နေမိအောင်လုပ်နိုင်ရင်ရပြီ။ "
YOU ARE READING
မြူအုပ် || ဘာသာပြန်
Romance「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။