『 ဂျာမနီကိုထွက်သွားပြီးနောက်ပိုင်း ၊ ကိုယ့်ဝမ်းဗိုက်ဝေဒနာကိုခံစားခဲ့ရတာတစ်ခါပဲရှိတယ်။ 』
_______________________________
Free အသင်းစတင်တည်ထောင်စဉ်ကစပြီးကျိုးဟော်မှာအသင်း၏အပြင်ပန်းပုံရိပ်ကိုထိန်းသိမ်းရာ၌အလွန်ရှေးရိုးဆန်တတ်၏။
ကျိုးဟော်သည် ယွီဆွေ့မှအသင်းကိုရောင်းစားသည်ဟူသောကောလဟာလများကိုပြင်းပြင်းထန်ထန်တုံ့ပြန်ရှင်းလင်းတတ်သည်မှလွဲလျှင်ခပ်လျှိုလျှိုမှိန်မှိန်မျှသာနေလေ့ရှိသည်။ယခင်ရက်သတ္တပတ်ကပင်ပုံမှန်ရာသီပွဲစဉ်တွင် Bison ကိုနိုင်ခဲ့သော်ငြားထိုရလဒ်ကို Weibo ထက်တွင် template စာသားအချို့ဖြင့်မငန်မပေါ့*စွာသာတင်ခဲ့သည်။ သို့သော်ငြားထိုသို့လျှိုမှိန်စွာနေတတ်ခြင်းသည်နှိမ့်ချတတ်ခြင်းပင်ဖြစ်ပြီး ၊ မည်သည့်ကိစ္စပင်ဖြစ်စေစိတ်ထဲမထားတတ်ဟုမဆိုလိုပေ။
[ * : မလေးနက်မပေါ့ပျက် ၊ သာမန်မျှသာ။ ]" သူတို့ဘက်ကပဲစပြီးလေ့ကျင့်ရေးပွဲစဉ်လာချိန်းပြီးသူတို့မနိုင်နိုင်တော့တာမြင်ရတော့မီးပျက်သွားတယ် ၊ လိုင်းပျက်သွားတယ်ပြောတဲ့အသင်းမျိုးကိုငါ့ဘဝမှာပထမဆုံးမြင်ဖူးတာပဲ။ "
ကျိုးဟော်သည်သည်းမခံနိုင်စွာပင် Weibo ပိုစ့်ကိုပြင်ဆင်နေ၏။
" သူတို့နောက်တစ်ပွဲရှုံးသွားရင် ၊ ကစားသမားတွေစိတ်ပိုင်းဆိုင်ရာထိခိုက်သွားမှာစိုးနေတာပဲမလား ?ငိုး ၊ ငါတို့ပြိုင်ပွဲလိဂ်က Medic နှစ်ယောက်ကိုကျအကြိမ်ကြိမ်သံသရာလည်စေခဲ့ပြီးတော့ ၊ သူတို့စိတ်ပိုင်းဆိုင်ရာထိခိုက်သွားမယ်လို့ရောမတွေးခဲ့မိဘူးလား ?!ဘယ်လိုအဓိပ္ပါယ်မရှိတာကြီးလဲ။ "
" တကယ်ငါတို့ပြိုင်ပွဲလိဂ်ကိုများတည်သီးပျော့*တွေလိုလာဆက်ဆံချင်သေးတယ် ?ချန်ပီယံဆုတောင်မရသေးဘဲနဲ့များတော့ ၊ သူများခေါင်းပေါ်တက်ရမယ့်အလှည့်လည်းရောက်သေးမှာမဟုတ်ဘူး။ "
[ * : အနိုင်ကျင့်ရလွယ်တဲ့သူ။ ]မည်သည့်ပြဿနာမှအဖြစ်မခံတတ်သည့်လောင်ချောင်သည်ပင်ဆိုလာလျက်။
" ပိုစ့်တင်တင်တင်ပစ်လိုက်။ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကိုကျတန်ဖိုးထားရကောင်းမှန်းသိပြီး ၊ သူများကျတန်ဖိုးထားရကောင်းမှန်းမသိဘူးတဲ့လား ?"
YOU ARE READING
မြူအုပ် || ဘာသာပြန်
Romance「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။