『 ကျွန်တော်ကခင်ဗျားထက်ပိုရိုးရှင်းတယ်။ 』
__________________________________
ယွီဆွေ့၏ဒဏ်ရာမှာပြင်းထန်သည်ဟုယူဆမရသည်ကြောင့်ထိုမွန်းလွဲတွင်ဆေးရုံဆင်းခဲ့သော်လည်း ၊ သူသည်အချိန်ကြာကြာမထိုင်နိုင်ပါပေ။
ကံကောင်းစွာနှင့်ရှစ်လော့သည်အရံကစားသမားအဖြစ်နှင့်ရှိနေကာ ၊ ယွီဆွေ့ကစားခြင်းရပ်လိုက်လျှင်ရှစ်လော့သည်အစားထိုးဝင်ရောက်နိုင်သည်ဖြစ်ရာ FS ၏လေ့ကျင့်ရေးများအားအနှောင့်အယှက်မဖြစ်ခဲ့ပါချေ။အကောင်းဆုံးသောကိစ္စရပ်သည်ကား ရှစ်လော့သည်ယွီဆွေ့၏အရံကစားသမားသာဖြစ်နိုင်သည်မဟုတ် ၊ ချန်းဟော့နှင့်လောင်ချောင်တို့၏ အရံကစားသမားလည်းဖြစ်ပေးနိုင်သေး၏။
လောင်ချောင်ပွဲဦးထွက်ကစားခဲ့ချိန်မှာ ယွီဆွေ့ထက်ပင်စောလှပြီး ၊ သူသည်ယခုနှစ်ဆိုလျှင်လုပ်သက်ငါးနှစ်ပင်ရှိပြီဖြစ်သည်။ထို့ကြောင့်သူ၏လက်အစုံတို့မှာပုံမှန်အချိန်များတွင်အဆင်ပြေပါသည့်တိုင် ၊ မသိမသာဒဏ်များလည်းရှိနေ၏။
သို့ပေတည့် playoffs နှင့်ကမ္ဘာ့ချန်ပီယံကာလတို့မှာကြာရှည်လွန်းလှပြီးသူသည်နာမကျန်းဖြစ်လွယ်ရာ ၊ ယခုတွင်အဆင်ပြေပါသော်လည်းသူသည်နောက်ပိုင်းပွဲစဉ်များတွင်သက်ရောက်မှုရှိမည်ကိုစိုးရိမ်နေမိလျက်။သို့နှင့်လောင်ချောင်သည်သူ၏လက်အားပြင်းပြင်းထန်ထန်အလုပ်မပေးရဲသောကြောင့်အသင်းသားများနှင့်လေ့ကျင့်မှုအပေါ်ဧကန်သက်ရောက်မှုရှိလာပြီး ၊ တစ်ရက်တွင်လောင်ချောင်မှာတုံ့ဆိုင်းတွေဝေနေဆဲမှာပင်ယွီဆွေ့နေရာမှအစားထိုးရှစ်လော့ကသူသည် Striker ခေတ္တလုပ်ပေးနိုင်သည်ဟုဆိုလာခဲ့သည်။
မည်သူမျှမရှိသည်ထက်စာလျှင် တစ်စုံတစ်ယောက်ရှိနေခြင်းမှာလည်းပိုကောင်းသည်ဖြစ်ရာ ၊ ယွီဆွေ့နှင့်အခြားသူများကလည်းမငြင်းဆိုလာချေ။ရှစ်လော့သည်ထုတ်လွှင့်စဉ်အခါကပင် Striker နေရာမှကစားဖူးသူဖြစ်သောကြောင့်သူသည်လုံးလုံးလူသစ်ကစားသဖွယ်မဖြစ်နေခဲ့ ၊ သို့ပေတည့်အားလုံးအားအံ့သြစေခဲ့သည်မှာရှစ်လော့၏ Striker ပုံစံသည်လည်းအလွန်မှကောင်းမွန်လှသည်ကိုပင်။
ထပ်ဆောင်းဆိုရပါကသူသည် Medic ကဲ့သို့အလုံးစုံမြင်ကွင်းသို့ကြည့်တတ်လေရာ ၊ ချန်းဟော်ကဲ့သို့အလျင်တဇွတ်ထိုးမဖြစ်စွာနှင့်သူ၏ကစားပုံမှာပိုမိုအနုစိတ်ကျနေပေသည်။
![](https://img.wattpad.com/cover/339533352-288-k763021.jpg)
VOUS LISEZ
မြူအုပ် || ဘာသာပြန်
Roman d'amour「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။