အခန်း - ( ၁၀ )【 U 】

909 118 5
                                    

『 မင်းက Bury Love ပုံစံအပြည့်အဝမပေါက်ဘူးထင်လို့လား ?』

__________________________________

ယွီဆွေ့သည် ရှစ်လော့မှသူ့အားလက်ခံလာတော့မည်အားစောင့်ဆိုင်းနေလျက် ၊ ငြင်းပယ်ခံရသည့်အကြောင်းကြားစာပေါ်လာချိန်တွင်ကားသူသည်မည်သို့မည်ပုံတုံ့ပြန်ရမည်မှန်းပင်မသိဖြစ်သွားရ၏။

သူအငြင်းခံလိုက်ရတယ် ?

Whisper ၏သူငယ်ချင်းတောင်းဆိုမှုအားငြင်းပယ်သည့်သူမှာမရှိခဲ့သည်မှာကြာပြီဖြစ်၏ ၊ ယွီဆွေ့သည် သူငယ်ချင်းတောင်းဆိုမှုငြင်းပယ်ခံရသည့်အကြောင်းကြားစာအားကြည့်ရင်းမိမိကိုယ်မိမိပြန်ဆန်းစစ်မိရလျက်။

ငါပဲ Bury Love* ပုံစံအပြည့်အဝမပေါက်နေတာများလား ?
[ * : sha ma te / ဒါကတရုတ်ရဲ့သာမန်လူအဖွဲ့အစည်းပုံစံကနေကွဲထွက်နေတဲ့ပညာမဲ့ပြီး Emo style ပုံပေါ်နေတဲ့လူမျိုးတွေကိုပြောတာပါ ၊ ယွီဆွေ့ကရှစ်လော့ကိုအဲ့လိုမြင်နေလို့ အဲ့လိုပုံစံနဲ့ချဉ်းကပ်ဖို့ဟန်ဆောင်တာရယ်။ ]

ယွီဆွေ့သည်ရှစ်လော့၏ထိုရန်စပြီးထောင်လွှားသည့်ပုံပန်းအားထုတ်လွှင့်ခန်းမှကြည့်နေပြီး ၊ ထိုလူသည်အနည်းငယ်ရှေးရိုးစွဲနေသည်ဖြစ်မည်ဟုခံစားရကာထို့ကြောင့်ယင်းအထက်တန်းလွှာကောင်လေးမှာသူ့အားငြင်းပယ်သွားခြင်းဖြစ်မည်။
ယွီဆွေ့မှာအလွန်အခက်တွေ့ရသည်ဟုတွေးမိလာကာသည်အကြောင်းအားအရေးမစိုက်ချင်တော့သည့်တိုင်ခယ့်ဟောက်၏သူ့အပေါ်စာနာပေးခဲ့မှုများနှင့်ဂရုစိုက်ပေးခဲ့မှုများအား ပြန်လည်အမှတ်ရလာပြီး ၊ ယနေ့ညတွင်သူကြိုးကြိုးပမ်းပမ်းရှာဖွေမွှေနှောက်ထားရသည်များမှာအကျိုးမရှိဗလာသက်သက်ပြီးဆုံးသွားနိုင်သည်ကိုတွေးဆမိသော်အံကြိတ်လိုက်ပြီး nickname ပြောင်းကာရှစ်လော့ထံသို့သူငယ်ချင်းအဖြစ်တောင်းဆိုလိုက်ပြန်၏။

အတွေ့အကြုံရဆိုလျှင် ၊ ရှစ်လော့ကဲ့သို့နားကွင်းသုံးကွင်းနဲ့လူမျိုးသည်ဒုက္ခဆင်းရဲများကိုကြုံဆုံဖူးမည်ဟုယွီဆွေ့မှန်းဆမိရာရှစ်လော့သည်အသေးအမွှားလေးလောက်နှင့်တော့ ငြင်းပယ်လောက်မည်ပင်။
ယွီဆွေ့အနေနှင့်ပိုမိုပြီးအားထုတ်ကြိုးပမ်းရပေဦးမည် ၊ ရှစ်လော့မှာကား Live လွှင့်နေစဉ်အတွင်းမျက်နှာပြင်၏ဘယ်ဘက်ထောင့်စွန်းတွင်ပေါ်လာသောသူငယ်ချင်းတောင်းဆိုမှုအားကြည့်ပြီးနှိပ်ကြည့်လိုက်၏။

မြူအုပ် || ဘာသာပြန်Donde viven las historias. Descúbrelo ahora