『 နေ့တိုင်းမနက်စာဖိုးဆယ်ယွမ်။ 』
__________________________________
ကျိယန်ဟန်သည်ယနေ့တွင်ယွီဆွေ့၏ကံဆိုးမှုထဲအကြိမ်ကြိမ်တိုးဝင်မိပြီးဖြစ်ကာ ၊ ယင်းနာမည်အားနားမလည်သော်ငြားသူမေးလည်းမမေးရဲပေ။
ထို့ကြောင့်သူသည်ပွဲစဉ်အချိန်ဇယားအားအလျင်အမြန်ပို့လိုက်ပြီးနောက် သက်ပြင်းချကာ : " သူ့ရဲ့ဒီလိုသောင်းကျန်းတဲ့အရွယ်ကပဲရောက်တာနောက်ကျနေတာများလား ... "
သို့နှင့်ယွီဆွေ့မှာမိမိပင်မသိလိုက်ပါဘဲ အရှက်ရခြင်းစက်ဝန်းသို့ကျရောက်သွားရကာ ၊ တစ်နေ့နှင့်တစ်ညမျှကြာပြီးခါမှသူသည်ရှစ်လော့အဖို့ Wechat အမည်အားပြောင်းထားမိကြောင်းအမှတ်ရတော့သွားသည်။
အမည်ပြန်ပြောင်းလိုက်ပါကလည်းရှစ်လော့အားသူ့သရုပ်မှန်ဖော်ထည်လိုက်မည်မိမှန်းစိုးရိမ်သောကြောင့် ၊ ယွီဆွေ့မှာသည်းခံလျက်သာမပြောင်းဘဲငြိမ်နေရတော့၏။ယွီဆွေ့၏ထိုနာမည်မှာထူးဆန်းထိတ်လန့်ဖွယ်ကောင်းလှသော်လည်း ၊ သူငယ်ချင်းများမှာလည်းမမေးရဲကြကာယွီဆွေ့သည်လည်းဖြေရှင်းပြနိုင်မတတ်နိုင်ခဲ့လျက်တစ်ပါးသူအားအပြစ်ဖို့ရန်သာတတ်နိုင်တော့သည်။
" မနက်ဖြန်ဆို ရာသီသစ်ရဲ့ဖွင့်ပွဲစပြီ ၊ ငါတို့ရဲ့စိတ်တွေကိုမြှင့်တင်ထားကြချည် .... "
အသင်း၏မန်နေဂျာမှာမွေးရပ်မြေတွင်ကိစ္စရှိလို့ပြန်သွားရသည်ဖြစ်ကာ ၊ ကလပ်၏ပိုင်ရှင် ကျိယန်ဟန်မှာလည်း လက်ရှောင်တတ်သူဖြစ်သောကြောင့် အသင်း၏ခေါင်းဆောင်အနေနှင့် ယွီဆွေ့မှာ banner ကိုင်၍အသင်း၏အစည်းအဝေးကို ဖွင့်ပွဲမတိုင်ခင်အနေနှင့် အထိမ်းအမှတ်ပြုလုပ်ခဲ့၏။
ဘော့စ်နှင့်မန်နေဂျာတို့မှာရှိမနေသည့်အပြင်အသင်းသားတို့မှာလည်း စိတ်မပါစွာဖြင့်အစည်းအဝေးခန်းထဲတွင်ဖုန်းသုံးနေလျက်။ယွီဆွေ့ကိုယ်တိုင်သည်လည်း အစည်းအဝေးအပေါ်အာရုံမရှိလှစွာနှင့် ၊ အစည်းအဝေးအားစတင်လိုက်ပြီး စိတ်မရှည်ဖြစ်လာတော့သည်။
" ရာသီသစ်ပွဲစဉ်တွေက မကြာခင် စတော့မယ် ၊ ငါတို့အနေနဲ့က ... ကောင်းကောင်းကစားနိုင်ရင် ငါတို့ဘောနပ်စ်ရမယ် ။ ကောင်းကောင်းမကစားနိုင်ရင် အပြစ်တင်ဝေဖန်ခံရမယ် ၊ ဒီအကြောင်းအတွက်တော့ဒီလောက်ပဲ။ အစည်းအဝေးပြီးပြီ။ "
ESTÁS LEYENDO
မြူအုပ် || ဘာသာပြန်
Romance「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။