『 သူသည်လည်းသေမျိုးလူသားတစ်ဦးပင်တည်း ၊ သူတော်စင်တစ်ယောက်မဟုတ်ခဲ့ပါချေ။ 』
__________________________________
Free ဌာနချုပ်ထံအပြန်လမ်းတွင်မည်သည်မျှမသိလိုက်သူယွီဆွေ့နှင့်ကျိုးဟော်တို့မှလွဲ၍ ၊ ကျန်လေးဦးသား၏အနေအထားမှာမူမမှန်ကြချေ။
Puppy မှာရည်ရွယ်ချက်ရှိသယောင်ယောင် ၊ မရှိရှိသယောင်ယောင်ဖြင့်ယွီဆွေ့နှင့်ကျိုးဟော်တို့ကိုအရှေ့တန်းတွင်ထိုင်စေရန်တွန်းတိုးလာလေ၏။ကျန်လေးဦးသားသည်ကားနာနီကား၏အနောက်နှစ်တန်းတွင်ထိုင်နေကြပြီး ၊ မျက်ဝန်းတို့မှာရှုပ်ထွေးလှစွာဖြင့်အချင်းချင်းကြည့်နေမိကြလျက်။
အရှေ့တွင်ထိုင်နေသည့်ယွီဆွေ့မှာရှစ်လော့ထံလှည့်ကြည့်လိုက်သော်လည်း ၊ သူသည်မည်သည်မျှမဆိုဖြစ်ခဲ့။ရှေ့တန်းရှိကျိုးဟော့မှာလည်းရှစ်လော့ထံလှည့်ကြည့်ကာမေးချင်မိရသည်မှာ ၊ မင်းဘာမှလည်းမပြောဘဲ Free ဌာနချုပ်ဆီပြန်လိုက်လာတာဘာသဘောတုန်း ?IAC ကိုပြန်ပြီးမင်းပစ္စည်းတွေသွားမထုပ်ပိုးတော့ဘူးလား ?IAC နဲ့ Free ဌာနချုပ်တွေကဆန့်ကျင်ဘက်လမ်းတွေလေ ၊ ဒီနေ့ပဲတန်းပြောင်းတော့မှာလား ?အချိန်ဘယ်လောက်ယူဦးမှာလဲ ?
ချန်းဟော်နှင့်အခြားသူများနည်းတူပင် ကျိုးဟော်သည်လည်းရှစ်လော့အပေါ်အနည်းငယ်ထိတ်လန့်မှုရှိလေရာ ၊ သူသည်ပြန်လည်တွေးတောကြည့်ပြီးနောက်ယွီဆွေ့သည်ပင်မည်သည်မျှမေးမြန်းခြင်းမပြုလာသောကြောင့်သူသည်လည်းစကားများများစားစားမပြောရန်သာဆုံးဖြတ်လိုက်၏။
အနောက်တန်းတွင်ထိုင်နေသည့်ရှစ်လော့မှာကားမျက်နှာတည်ဖြင့်မှင်သက်မျောလွင့်နေလျက် ၊ ကျိယန်ဟန်ထံမှအနှောင့်ယှက်ခံရပြီးသည့်နောက်တွင်သူသည်တက္ကစီငှား၍ IAC ထံတစ်ဦးတည်းပြန်ရမည့်အကြောင်းကိုမေ့လျော့သွားချေသည်။ထိုမေ့လျော့သွားမှုမှာကားမောင်းသူမှ Free ဌာနချုပ်ရှေ့တွင်မရပ်လိုက်ခင်အထိပင်ဖြစ်ပြီး ၊ သူသည် Free ဌာနချုပ်ထံသာကားဖြင့်လိုက်ပါသွားရချေတော့၏။
ရှစ်လော့ကားပေါ်မှဆင်း၍အချိန်ကြည့်လိုက်ချိန်တွင် ၊ အချိန်မှာညဆယ့်တစ်နာရီထံသို့ညွှန်ပြနေလျက်။
CZYTASZ
မြူအုပ် || ဘာသာပြန်
Romans「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။