အခန်း - ( ၃၂ )【 Z 】

276 9 0
                                    

『 【 ဒီပွဲရဲ့ပွဲစဉ်မှတ်တမ်းဗွီဒီယိုကို E-sports နေ့စဉ်ခေါင်းစီးပိုင်းမှာထည့်သွင်းဖို့ခွင့်ပြုပေးနိုင်မလား ?】 』

__________________________________

တစ်ချိန်တည်းမှာပင် IAC ဌာနချုပ်တွင်ရှစ်လော့သည်လည်းသူငယ်ချင်းတောင်းဆိုမှုတစ်ခုလက်ခံရရှိခဲ့ပြီး ၊ သူသည်ယင်းထံဝင်ကြည့်လိုက်လေရာ တစ်ဖက်လူမှာ NSN ၏လက်ထောက်မန်နေဂျာဟောင်းဖြစ်နေသည်ကိုတွေ့လိုက်ရ၏။
ရှစ်လော့မှ NSN သို့ဝင်ချိန်တွင်ကျိုးဟော်နှင့်နှစ်လမျှသာကလပ်တစ်ခုအောက်တွင်ရှိခဲ့ကြပြီး ၊ နောက်ပိုင်းတွင်ရှစ်လော့မှလည်းအသင်းပြောင်းရွှေ့သွားခဲ့ကာကျိုးဟော့သည်လည်းသိပ်မကြာခင်ပင်အခြားအသင်းထံသွားခဲ့လေသည်။

ထိုအချိန်မှစ၍နှစ်ဦးသားတို့မှာမတွေ့ဖြစ်ကြတော့သည်ရှိရာယခုအခြေအနေတွင်ကျိုးဟော်မှမိတ်ဆက်စကားဆိုလာခါမှရှစ်လော့မှာထိုသူသည်သူ၏အနာဂတ်မန်နေဂျာဖြစ်ကြောင်းသိသွားကာ ၊ အချင်းချင်းအနည်းငယ်ယဉ်ကျေးပျူငှာစကားတို့ဆိုပြီးနောက် ကျိုးဟော်သည်ရှစ်လော့ထံသို့လည်းထုတ်လွှင့်ရန်အကြောင်းအားတောင်းဆိုလာ၏။
ရှစ်လော့သည်မိနစ်ဝက်မျှတုံ့ဆိုင်းနေခဲ့ပြီးမှစာပြန်လိုက်ပြီး ၊ ယွီဆွေ့မှလည်း FOG လိဂ်ဌာနချုပ်ထံမှယခင်ကဖျက်သိမ်းခံထားရသောအကောင့်အား ပြန်လည်ရယူရန်ဆက်သွယ်နေဆဲဖြစ်သည်။

သူသည်လိဂ်ဌာနချုပ်မှဝန်ထမ်းနှင့် ဖုန်းပြောနေလျက်နှင့် ၊ ကျိုးဟော်ထံလည်းစာရိုက်၍စာပြန်လိုက်၏။

【 ယွီဆွေ့ 】: [ လက်မခံဘူး။ ]
【 ရှစ်လော့ 】: [ မရဘူး။ ]

ကျိုးဟော့ : ...

ကျိုးဟော်သည်အတိတ်ကိစ္စရပ်တို့တွင် ရှစ်လော့မှာနစ်နာသူဖြစ်ထားကာ အငြိုးအတေးတို့ရှိနေသေးသည်အားကောင်းစွာနားလည်နိုင်သော်လည်း ၊ ယွီဆွေ့မှလက်မခံစွာဖြင့်ရှစ်လော့ထက်ပင်ပို၍မြန်စွာစာပြန်လာခြင်းမှာကားနားမလည်နိုင်ဖြစ်ရပေသည်။

【 ကျိုးဟော် 】: [ မင်းတို့နှစ်ယောက်ကြားမှာဘာတွေဖြစ်ခဲ့လဲဆိုတာ ငါတကယ်နားမလည်နိုင်ဘူးဆိုပေမဲ့လည်း ၊ အခုလောလောဆယ်အခြေအနေကမင်းတို့နှစ်ယောက်ရဲ့ပရိတ်သတ်တွေအချင်းချင်းအရမ်းကိုမှရန်လိုကြနေတာ။ မင်းတို့ကတော့မကြာခင်တစ်သင်းတည်းရောက်ကြတော့မှာလေ ၊ ဒီလိုသာဆက်ပြီးမတိုးသာမဆုတ်သာအခြေအနေဆက်သွားနေလို့ကတော့ငါ့အလုပ်လည်းကောင်းကောင်းရှေ့ဆက်လို့ရတော့မှာမဟုတ်ဘူး။ ]

မြူအုပ် || ဘာသာပြန်Donde viven las historias. Descúbrelo ahora