အခန်း - ( ၂၄ )【 U 】

770 142 13
                                    

ခင်ဗျားမြင်နေနှင့်ပြီးသားမဟုတ်ဘူးလားဘာလို့လာမေးနေသေးတာလဲ ?!』

__________________________________

အကိုက်အခဲပျောက်ဆေး၏ဆေးစွမ်းမှာဖြည်းဖြည်းချင်းပြလာပြီးယွီဆွေ့မှာအနည်းငယ်နေရသက်သာလာကာ ၊ သူသည်အနားရှိသူနှစ်ယောက်တို့အား ဌာနချုပ်ထံသာအမြန်ပြန်ခိုင်းလာ၏။
ချန်းဟော်နှင့် Puppy တို့သည်လည်းဆွေးနွေးလိုက်ကြပြီး ၊ ချန်းဟော်သည်ဌာနချုပ်ထံသို့အရင်အိပ်ရန်ပြန်သွားကာ Puppy မှာညစောင့်ရန်ကျန်ခဲ့ပေသည်။

ယွီဆွေ့သည်မနေနိုင်စွာနှင့်မေးလိုက်၏ : " မင်းကဒီမှာဘာလုပ်နေမှာတုန်း ?ဘာပဲဖြစ်ဖြစ်ငါလည်းအိပ်တော့မယ့်ဟာကို ၊ မနက်ဖြန်မနက်ကျမှသာမန်နေဂျာကိုဒီမှာလာစောင့်ဖို့တစ်ယောက်ယောက်ရှာခိုင်းလိုက်။ "

Puppy သည်တွဲဖက်ကုတင်တွင်လဲလိုက်ကာ ၊ ညင်ညင်သာသာစကားဆိုလာ၏။

" ခုနကသူနာပြုပြောသွားတာမကြားလိုက်ဘူးလား ?ဒီလိုအတွင်းတစ်ရှုးဒဏ်ရာပါးကြီးကလိုတယ် ... လိုတယ် ... ဘာလိုတယ်ဆိုပါလိမ့် ?"

ယွီဆွေ့သည်နာကျင်မှုကြောင့် ခေါင်းအုံးအားကိုက်လိုက်မိပြီး -

" အနားယူပြီးငြိမ်ငြိမ်နေဖို့လိုတယ်။ "

" ဟုတ်တယ် ၊ မင်းလျှောက်လှုပ်နေလို့မရဘူး။ "

Puppy သည်သူ၏ဝမ်းဗိုက်တို့ထက်၌ လက်ချင်းယှက်ထားကာ ၊ တည်ငြိမ်လှစွာနှင့် -

" မင်းခဏလောက်လဲနေချင်တယ်ဆိုလည်းမရှက်ပါနဲ့ကွာ ၊ Puppy ကောကိုသာပြောလိုက်။။Puppy ကောကမင်းကိုဆီးအိုးယူပေးပြီးလေပါချွန်ပေးဦးမှာ။ "

ယွီဆွေ့သည်အံကြိတ်လိုက်ပြီး -

" ကျေးဇူး ၊ မလိုဘူး။ "

Puppy မှာသက်ပြင်းချလိုက်ကာ ၊ နားကြပ်ဖြင့်သာ cross talk ဖွင့်နားထောင်လိုက်ပြီးယွီဆွေ့ကိုလျစ်လျူရှုထားလိုက်တော့၏။
FS ဌာနချုပ်တွင်ကားချန်းဟော်သည်တံခါးအားမသိသာတွန်းဖွင့်လိုက်ပြီး ၊ သူသည်ဝင်လာပြီးသည့်နောက်တွင် အပေါ်ထပ်ထံသာတန်းတက်သွားချင်ခဲ့သည်။

မြူအုပ် || ဘာသာပြန်Donde viven las historias. Descúbrelo ahora