『 ဘာကိုဖျန်ဖြေမှာလဲ ?ဘာကိုအစီအစဉ်လဲ ? 』
__________________________________
သုံးရက်အကြာ၌ Bison အသင်း၏အိမ်ကွင်း၌အဆိုပါအသင်းသည်အသင်းသစ်ဖြစ်သော Free ကိုရင်ဆိုင်ရလေတော့သည်။
ကျိုးဟော်သည်ယခုဆိုလျှင် “ မိမိတို့၏လူ ” ဖြစ်နေပြီဖြစ်ရာလွန်ခဲ့သောနှစ်နှစ်မှ Bison အသင်းနှင့်ရှိခဲ့ဖူးသောပဋိပခတို့ကိုသိရှိထားချေ၏။သို့သော်သူသည်အသေးစိတ်ကျကျမသိရှိထားသည်ဖြစ်ရာထိုအကြောင်းနှင့်ပတ်သက်၍အထိအရှမခံနိုင်စွာပင်သူ၏စည်းမျဉ်းတို့ကိုကျော်လွန်သည့်ကိစ္စရပ်များကိုမည်သူမျှပြုလုပ်ခွင့်မရှိကြောင်း ၊ မည်သည့်အကြမ်းဖက်မှုမျှမရှိလာသင့်ကြောင်းကိုအဖန်ဖန်မှာကြားသတိပေးလာခဲ့သည်။
" အသင်းသစ် ၊ ရာသီသစ် ၊ အရှိန်အဝါအသစ်။ "
Bison အသင်း၏အိမ်ကွင်းထံသွားနေချိန်၌ကျိုးဟော်သည်အားလုံး၏စိတ်အားတက်ကြွမှုတို့ကိုလှုံ့ဆော်ပေးလာလေ၏။
" ငါမင်းတို့ကိုထူးထူးခြားခြားကြီးကောင်းအောင်ကစားဖို့မတောင်းဆိုဘူး ၊ ဒါပေမဲ့မင်းတို့ရဲ့စွမ်းရည်တွေကိုအားလုံးမြင်နိုင်တော့ချပြနိုင်ခဲ့ရမယ်။ နားလည်လား ?!"
ယွီဆွေ့မှလွဲ၍ကျန်အင်တာနက်စွဲလမ်းသူဆယ်ကျော်သက်တို့မှာဖုန်းထံတွင်သာအာရုံရောက်နေလျက်စိတ်အားတက်ကြွစေရန်လှုံ့ဆော်ခြင်းတွင်ပါဝင်လာခြင်းမရှိကြ။ ဖုန်းမသုံးနေသည့်တစ်ဦးတည်းသောသူမှာလည်းအိပ်စက်ခြင်းအမှုကိုသာပြုလျက်မျက်လုံးတို့ကိုမှိတ်ထားချေသည်။
ကျိုးဟော်သည်သက်ပြင်းချလိုက်ပြီးဆိုလာ၏။
" ထားတော့ ၊ မင်းတို့စိတ်ထဲမှာသိနေရင်ရပါပြီ။ "
လောင်ချောင်သည်သာအားလပ်နေသူတစ်ဦးဖြစ်ရာကျိုးဟော်သည်အလိုလိုပင်လောင်ချောင်နှင့်စကားအစပျိုးလိုက်တော့၏။
" မင်းတို့နဲ့ Bison အသင်းကြားမှာတကယ်ပဲဘယ်လိုပဋိပက္ခတွေရှိခဲ့ကြတာလဲ ၊ ဘာလို့မင်းတို့ကြားကဆက်ဆံရေးကဒီလောက်တောင်အထိမခံဖြစ်နေရတာလဲ ?"
" အဲ့ဒါပဋိပက္ခတစ်ခုပဲမဟုတ်ဘူး။ "
လောင်ချောင်သည်ကြေကွဲဖွယ်ဆိုလာသည်။
VOCÊ ESTÁ LENDO
မြူအုပ် || ဘာသာပြန်
Romance「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။