『 သူ့ကိုလုံးဝသွားမထိသင့်ဆုံးဗို့အားမြင့်တဲ့ ၊ လူကိုတန်းအနားယူရတဲ့အထိဖြစ်စေနိုင်တဲ့စည်းမျဉ်းကိုရောပြောပြပြီးပြီလား ?』
___________________________________
【 Whisper 】: ညလယ်စာစားမလား ?မင်းအတွက်ပါထည့်မှာပေးရမလား ?
ရှစ်လော့သည်ယွီဆွေ့၏ Wechat စာဆောင်ကိုကြည့်ကာ ၊ အကြောင်းမရှိဒေါကန်လာမိပြီးစာပြန်လိုက်၏ : [ မဆာလို့ ၊ မစားတော့ဘူး။ ]
ရှစ်လော့သည်စာပြန်လိုက်ပြီးနောက်အနည်းငယ်နောင်တရမိလျက်။
တခြားဟာတွေကိုထားလိုက်ဦး ၊ အခုတော့သူအဆာလွန်ပြီးသေရတော့မယ်လို့!ရှစ်လော့သည်ဖုန်းကိုင်ထားမိလျက်နှင့် မိမိကိုယ်မိမိနားမလည်နိုင်ဖြစ်ရ၏ ၊ သူသည်ယခင်ကထိုသို့စိတ်ထဲမရှိသည်အားလိမ်လည်တတ်သူမဟုတ်ချေရာယွီဆွေ့နဲ့တွေ့ပြီးခါမှအဘယ်ကြောင့်ထိုသို့ဖြစ်တတ်လာရပါသနည်း ?
သူသည်ဗိုက်မဆာလို့မစားချင်ဘူးဟုပြောလိုက်သည့်တိုင်ယခုပင်အစားအစာမှာရန်ပြင်နေခဲ့ပြီး ၊ ခဏအကြာတွင်လာပို့သည်အားသွားယူချိန်မြင်တွေ့သွားပါက ... သူသည်ကလေးတစ်ယောက်မှစိတ်ဆိုးနေဟန်နှင့်တူလှကာအလွန်မှကြောင်လွန်းလှပါ၏။
ရှစ်လော့သည်သူ၏ဆံတိုတို့အားကုတ်ခြစ်လိုက်ပြီးစိတ်ဆိုးမာန်ဆိုးနှင့်ထလိုက်ကာသူ့အိတ်ထဲသို့ဆွဲကြည့်လိုက်ရာ ၊ အထဲတွင်ပီကေဘူးသာရှိလေသည်။သို့နှင့်ရှစ်လော့သည်ပီကေကိုသာ မျက်နှာငယ်လေးနှင့်ထုတ်ဝါးလိုက်ရတော့၏ ၊ ငါးမိနစ်အကြာတွင်ကားရှစ်လော့၏တံခါးထက်တွင်တံခါးခေါက်သံထွက်ရှိလာသည်။
ရှစ်လော့မှာပီကေကိုတိတ်တဆိတ်မှုတ်လိုက်ပြီး ၊ ထိုအကြင်နာမဲ့လူမှာစလာပြီ ၊ သူထပ်ပြီးစလာပြန်ပြီဟုထင်လိုက်မိ၏။ရှစ်လော့မှာထိုအတွေးနှင့်သက်ပြင်းချလိုက်ကာထလိုက်ပြီးနာနာခံခံနှင့်တံခါးဖွင့်ပေးလိုက်သည့်တိုင် ၊ သူသည်သည်းမခံနိုင်စွာနှင့်အနေခက်ခက်ဖြင့်ပြောလိုက်မိသည်။
![](https://img.wattpad.com/cover/339533352-288-k763021.jpg)
KAMU SEDANG MEMBACA
မြူအုပ် || ဘာသာပြန်
Romansa「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။