အခန်း - ( ၆၄ )【 Z 】

163 2 0
                                    

『 မျက်နှာဖြတ်ရိုက်ခံရတာကိုစွဲလမ်းနေတာလား ?』

___________________________________

ROD ၏ကိစ္စရပ်မှာရှေ့ပြေးပြဿနာအဖြစ်ဖြစ်ပွားထားလေရာ ၊ ယခုတွင်ကလပ်ကပုံများထွက်လာသည်မှာဖိုရမ်ကြီးများကိုပေါက်ကွဲစေသည့်စည်ပိုင်းအားမီးညှိပေးလိုက်သည့်နှယ်ပင်။

【 ဒီနှစ်ပိုင်းတွေထဲပရော်ဖက်ရှင်နယ်ကစားသမားဖြစ်ဖို့ပိုပိုလွယ်လာတာပဲ ၊ ပျော်ပါးနေရင်တောင်ရပြီ။ 】

【 နှစ်တွေအကြာကြီးဘာလို့ဘာရလဒ်မှထွက်မလာလဲနားလည်လိုက်ပြီ ၊ အရင်တုန်းကတော့ FS ကိုပြိုပျက်စေခဲ့လို့ဆိုပြီးပြောလို့ရသေးတယ်။ အခုတော့ကြည့်ပါဦးဟဲဟဲ ၊ ကစားသမားတွေကိုယ်တိုင်ကမနိုင်ချင်နေတာလေ။ 】

【 တခြားသူတွေကိုထားလိုက်ဦး ၊ ယီကျန့်ကအခုပဲပုံမှန်ရာသီပွဲစဉ်ရှုံးလာတာတောင်သွားပျော်လိုက်သေးတယ် ?ဒီလူတွေကတော့တကယ်လက်လျှော့ထားလိုက်ပြီပဲလား ?】

【 ဒီလိုအခြေအနေဆိုမှတော့ ၊ ရှန့်ကျန့်ကပြည်တွင်းလိဂ်တစ်ခုလုံးကိုသုတ်သင်သွားတာလည်းမဆန်းတော့ဘူးပဲလေ။ 】

【 ချက်ကျလက်ကျခန့်မှန်းချက်ထုတ်ရရင်လွန်ခဲ့တဲ့နှစ်နှစ်အတွင်းရှန့်ကျန့်ဒီလောက်အားကောင်းနေရတာက ၊ Whisper ရှိနေခဲ့လို့ပဲလား။ ဒါမှမဟုတ်သူများကလပ်ရဲ့စီမံခန့်ခွဲမှုကတင်းကြပ်ထားတာမို့လို့ nb* နေတာလား ?】
[ * : အလန်းစား ၊ အကြမ်းစား။ ]

【 Whisper ကိုယ်တိုင်တောင်ကလပ်သွားနေပြီပဲ ၊ ဘာသက်သေပြနေရဦးမှာလဲ ?ဒီလက်ကျန်ပုံရိပ်ကိုလည်းဆုတ်ဖြဲပစ်လိုက်ကြတော့မလား ?Whisper ကတရုတ်ကိုပြန်လာတာနဲ့ပြည်တွင်းလိဂ်လည်းအားကောင်းလာတော့မယ်လို့တကယ်ထင်နေကြတာလား ?】

【 အစကတော့ဒီအသင်းတွေကိုအရမ်းကြိုက်ခဲ့တာ ၊ အခုကြည့်ရတာ ... မင်းတို့ပျော်ပါးနေတော့လည်းကောင်းပြီလေ။ 】

【 NSN နဲ့အခြေအနေဆိုးကိုထားလိုက်ဦး ၊ Saint နဲ့ Free လည်းဒီပုံစံပဲ။ ငါကသာကန်းနေခဲ့မိတာ။ 】

【 အသင်းကလပ်တွေကဘုန်းတော်ကြီးဘုရားကျောင်းတွေပဲလို့ယုံခဲ့မိတာရူးအလို့ပဲများလား ?ယွီဆွေ့ကပွဲဦးထွက်စတည်းကမိန်းကလေးပရိတ်သတ်ဒီလောက်များခဲ့တာကို ၊ လူလွတ်ပါဆိုပြီးတစ်ချိန်လုံးလိမ်ညာလှည့်ဖြားနေခဲ့သေးတယ် ?Angel Sword ကလည်းနွေးထွေးတဲ့လူလို့နာမည်ကြီးမှတော့ ၊ သေချာပေါက်ကိုအီစီကလီဖူးတာတွေနည်းမှာမဟုတ်ဘူး။ ချန်းဟော်ကလည်းသူထားဖူးတဲ့ရည်းစားကောင်မလေးကဆယ်ယောက်ထက်မနည်းလို့​လေလုံးထွားနေတာနှစ်ရှစ်ရှာလောက်ရှိပြီ ၊ Evil ?ဟား ၊ ထုတ်လွှင့်သူကနေစတင်ခဲ့တဲ့သူကဘာကောင်းတာရှိနိုင်မှာလဲ။ သေချာပေါက်ပျော်ပါးတဲ့နေရာမှာတော်နေမှာပေါ့။ 】

မြူအုပ် || ဘာသာပြန်Where stories live. Discover now