အခန်း - ( ၇ )【 U 】

955 151 5
                                    

『 90 proof ထက်ကျော်တဲ့ပေါင်းခံဗော့ဒ်ကာ။ 』

___________________________________

အချိန်ကားညရှစ်နာရီ ၊ NSN မှလူများစုဝေးလေ့ရှိသည့်ကလပ်တစ်ခု၏အပေါ်ထပ်ရှိသီးသန့်ခန်းအတွင်းသို့ အင်တာနက်စွဲလမ်းသူဆယ်ကျော်သက်များမှာနှစ်ယောက် ၊ သုံးယောက်စီနှင့်ဝင်သွားကြလျက်ဟော့ပေါ့စားပြီးနောက်တွင် ဆိုဖာပေါ်တွင်လဲလျောင်းနေကြ၏။

ယွီဆွေ့တရုတ်သို့ပြန်လာခြင်းမှာ တစ်ကိုယ်တည်းသာတိတ်တဆိတ်ပြန်လာခြင်းကြောင့်ပရော်ဖက်ရှင်နယ်ကစားသမားလောကအတွင်းမှသူနှင့်ဆက်ဆံရေးကောင်းသူများသည်ထိုအကြောင်းအားသတင်းများတက်လာမှသာဖတ်ရှုသိရှိကြရသည်ဖြစ်ပြီး ၊ ယွီဆွေ့နှင့်လည်းမတွေ့ဖြစ်သေးသောကြောင့်သည်အခွင့်အရေးကိုအသုံးချကာချန်းဟော်နှင့်အတူကြိုဆိုလိုက်ကြသည်။

" အိုင်း ... "

ချန်းဟော်မှာ ခြေထောက်များအား စိတ်လိုလက်ရဖြန့်ကားချထားလျက်။

" ဒီလိုဟော့ပေါ့မျိုးငါအကြာကြီးမျှော်လင့်နေခဲ့ရတာ ၊ အေးဆေးနေကြ။ အိုင်း မင်းတို့ဘာတွေထိန်းထိန်းသိမ်းသိမ်းလုပ်နေကြတာလဲ ၊ သီချင်းလာဆိုကြ။ "

ယွီဆွေ့ ၊ ကုကန့်နှင့်အလားတူကစားသမားဟောင်းများမှာချန်းဟော်ပြောနေသည်အားအရေးစိုက်ကြသည်ဟူ၍မရှိ။
ဝါ့ဝါ့ ၊ ရှင့်ရန်နှင့်အလားတူကစားသမားအသစ်များမှာကားထိုသို့ဂိမ်းနတ်ဘုရားများစုဝေးနေသောကြောင့်အေးဆေးစွာမနေရဲကြ ၊ သူတို့တတွေမှာ အချင်းချင်းပူးကပ်နေကြလျက် သောက်သာသောက်နေကြပြီး သီချင်းဆိုဖို့ရာရှက်ရွံ့နေကြလေ၏။

ထို့ကြောင့်ပင်ချန်းဟော်မှာထလိုက်ကာသီချင်းဒါဇင်ကျော်လောက်အားထည့်သွင်းပြီး ၊ မိုက်ကိုဝါ့ဝါ့ရင်ဘတ်နားထံထိုးထည့်ပေးခဲ့ကာစားပွဲထိုးထံသို့ဘီယာနှင့်မုန့်များသွားရောက်မှာယူပြီး ဆိုဖာထက်ပြန်ထိုင်လို့လာသည်။

ချန်းဟော့သည်ပတ်ပတ်လည်သို့ကြည့်ပြီး သက်ပြင်းချလိုက်ကာ : " ငါအဲ့ဒီအချိန်တွေတုန်းကတော်တော်လေးနာမည်ကြီးခဲ့တာလေ ၊ ဒီနေ့ငါပြန်လာတော့ငါ့ကိုလာကြိုဆိုမယ့်ပရိတ်သတ်တောင်မရှိဘူး။ ဒါပေမဲ့အဲ့ဒါကရသေးတယ် ၊ ဒါပေမယ့်မင်းတို့တွေကရော ဘာလို့လူနည်းနည်းလေးပဲရှိနေရတာတုန်း ? ဒီလိုစိတ်မကောင်းစရာကိစ္စတွေမေ့ထားလိုက်တော့ ၊ ဒီနေ့လာကြတဲ့လူတွေအကုန်လုံးကငါ့ရဲ့စစ်မှန်တဲ့ညီအစ်ကိုတွေပဲ။ ရှေ့လျှောက်လည်းအတူတူလျှောက်လှမ်းသွား ... "

မြူအုပ် || ဘာသာပြန်Onde histórias criam vida. Descubra agora