အခန်း - ( ၄၆ )【 U 】

789 117 12
                                    

『 ယွီဆွေ့သည်ရှစ်လော့ကိုတမ်းတသည့်အကြည့်များဖြင့်ထိုသူ၏လက်ကိုဆန္ဒမရှိစွာဖယ်လိုက်လေသည်။ 』

__________________________________

ဌာနချုပ်သို့ပြန်ရောက်သည့်အခါအားလုံးမှာမျက်နှာသစ်ကြလျက်ရေချိုးသန့်စင်ကြ၏။
ချန်းဟော်သည်ယမန်နေ့တွင်လေးနာရီသာအိပ်ထားသည်ဖြစ်ရာယခုတွင်အိပ်ပစ်လိုက်ရန်သာဆန္ဒရှိပြီးမနေနိုင်စွာညည်းညူလာလေလျက်။

" လိဂ်ကလည်းဘယ်တော့မှဒီစည်းကမ်းကိုပြောင်းမှာလဲ ?ဘာလို့ပွဲစဉ်ကစားခင်တိုင်းမှာမိတ်ကပ်လိမ်းထားဖို့လိုတာတုန်းလို့ ?အဓိကကတော့လိမ်းထားတာနဲ့မလိမ်းထားတာလည်းဘာမှထူးပြီးကွာသွားပုံမပေါက်တာပဲ။ "

ချန်းဟော်သည်သူ့မျက်နှာသူသုတ်လိုက်ပြီးနောက်အော်ဂလီဆန်စွာ : " လိမ်းရရုံလောက်ဆိုငါသည်းခံနိုင်သေးတယ် ၊ ဒါပေမဲ့သောက်လုပ်အရှုပ်ဆုံးကတော့ဘာလို့လိမ်းပြီးရင်ပြန်ဖျက်နေရသေးတာလဲ ?ဒုက္ခတွေကိုများနေရော ၊ ပြန်မဖျက်မိရင်လည်းဝက်ခြံကထွက်တတ်သေးတယ်။ သူ့မေတဲ့မှပဲ ... "

" စည်းကမ်းကစည်းကမ်းပဲ ၊ ဘာတွေလာညည်းညူနေတာလဲ။ "

လောင်ချောင်သည်အနောက်မှနေ၍ချန်းဟော်၏ခေါင်းကိုလှမ်းခေါက်လိုက်ကာ -

" အဲ့လိုဆိုမလိမ်းဘဲစင်ပေါ်ကိုဖိုသီဖတ်သီပုံနဲ့တက်သွားရင်အားလုံးကကြည့်ကောင်းနေမယ်ထင်လို့လား ?ဒါ့အပြင်လိမ်းရတယ်ဆိုတာလည်းပေါင်ဒါလေးနည်းနည်းပါပဲ ၊ နည်းနည်းလေးပွတ်ဖျက်လိုက်ရင်ပျက်သွားမှာပဲကို။ "

" မိတ်ကပ်ဖျက်ဆေးလိုတာပါဗျာ။ "

ချန်းဟော်သည်စိတ်ရှုပ်ထွေးစွာဖြင့်လောင်ချောင်ကိုလှည့်ကြည့်လာပြီး -

" ခင်ဗျားကအမြဲမိတ်ကပ်ဖျက်ရင်ဒီအတိုင်းပွတ်ဖျက်လိုက်တာပဲလား ?ခင်ဗျားရုပ်ကပိုရင့်သွားတာလည်း... "

လောင်ချောင်သည်မျက်ဆံလှန်လျက်ချန်းဟော်၏ခေါင်းကိုဖိချလိုက်၏။
ပွဲစဉ်ယှဉ်ပြိုင်ရသည့်နေ့ရက်များတွင်အခြားအလုပ်များမရှိသည်ကြောင့်အားလုံးသည်အချိန်ပိုရနေကြသည်။

မြူအုပ် || ဘာသာပြန်Onde histórias criam vida. Descubra agora