အခန်း - ( ၃ )【 U 】

1.2K 169 1
                                    

နားနေခန်းမှပြန်လည်တွေ့ဆုံမှု။ 』

__________________________________

ကုကန့်မှာစာများအဆက်မပြတ်ပို့နေဆဲ။

【 NSN-GU 】 : [ နောက်အပတ်တနင်္လာကျမင်းတို့အသင်းနဲ့လေ့ကျင့်ရေးပွဲစဥ်မှာသူလည်းရှိလိမ့်မယ် ၊ သူဝင်ကစားမလားမကစားမလားကတော့မဆုံးဖြတ်ရသေးဘူး။ ]

【 NSN-GU 】: [ အဲ့ဒီအချိန်ကျပြဿနာမဖြစ်စေနဲ့ဦး။ ]

【 NSN-GU 】: [ မင်းလည်းကလေးမဟုတ်တော့ဘူး။ ]

【 NSN-GU 】: [ ငါဒါကိုလာပြောပြနေစရာမလိုဘူးဆိုပေမဲ့ ၊ မင်းအဲ့အချိန်ကျမှရုတ်တရက်သိသွားပြီး ကစားတာကိုသက်ရောက်သွားစေမှာစိုးလို့။ ]

【 NSN-GU 】: [ ဒီပွဲစဥ်ရဲ့အနိုင်အရှုံးကရာသီရဲ့အမှတ်တွေနဲ့ဆိုင်မှာမဟုတ်ဘူးဆိုပေမဲ့ငါမတရားတဲ့အနိုင်ကိုမလိုချင်ဘူးလေ ၊ မင်းလည်းမင်းစိတ်ကိုကြိုပြင်ဆင်ထားလို့ရအောင်ပြောပြတာ။ ]

ရှစ်လော့မှာအားရပါးရရယ်လိုက်မိပြီးနောက်ကွန်ပျူတာမျက်နှာပြင်ထက်သို့ ကြည့်လိုက်မိသည်။
ယခုအချိန်၌ NSN အဆောက်အဦးဝယ် ယွီဆွေ့မှာကုကန့်အနားရပ်နေကာ ၊ ကုကန့်မှာ ရှစ်လော့အားကြိုတင်ကာကွယ်ပြင်ဆင်ရန်ပြောနေကြောင်းအားကြည့်နေသည်လား ? တော့သူမသိပါချေ။

ရှစ်လော့မှာသူ့ဂုတ်အားပွတ်သပ်လိုက်ရင်း ၊ စာရိုက်ပြီးမေးလိုက်သည်။

[ ဘာကိုပြင်ဆင်ရမှာလဲ ? ]

【 NSN-GU 】 : [ ? ]

【 IAC-Evil 】[ ကျွန်တော်က ပွဲခင်းထဲမှာတော့ သူ့ကိုသွားချပါ့မလား ? ]

【 IAC-Evil】[ အတိတ်ကအကြောင်းတွေပါပဲ ၊ ကျွန်တော်လည်းမေ့လိုက်တာကြာပါပြီ။ ]

【 IAC-Evil 】[ နောက်ပြီးကျွန်တော်ရင်းနှီးလို့ပြောပြရရင် ၊ ခေါင်းဆောင်ကု အစ်ကိုတော့အသင်းကိုလှုပ်ရှားမှုကြီးကြီးဖြစ်အောင်လုပ်မိသွားလောက်ပြီ။ ကျွန်တော်အခုတိုက်ရိုက်ထုတ်လွှင့်နေတာဗျ။ ]

မြူအုပ် || ဘာသာပြန်حيث تعيش القصص. اكتشف الآن