『 အားလုံးလည်းအသက်တွေကြီးလာကြပြီပဲ ၊ ခင်ဗျားကိုဘယ်သူမှမပြောပြဖူးဘူးလား။ 』
___________________________________
သီးသန့်ခန်းအတွင်း၌ ၊ ရှစ်လော့၏ရင်မှာ မြင့်ချည်နိမ့်ချည်နှင့် ပြင်းထန်စွာခုန်ပေါက်နေလျက်။
ယွီဆွေ့သည်ရှုပ်ထွေးလှစွာဖြင့်ရှစ်လော့အားလှမ်းကြည့်နေပြီး ၊ ဝိုင်ခွက်အားဖြည်းညှင်းစွာချလိုက်သည်။" ရင်းနှီးနေတယ်လို့ခံစားနေရလား ? "
ရှစ်လော့၏မျက်ဝန်းတို့မှာရဲရဲနီနေကာ ၊ အသံမှာလည်းတုန်ယင်နေ၏။
" အဲ့ဒီတုန်းက ... ကျွန်တော်ဘာလို့ခင်ဗျားကိုမနက်စာဖိုးတွေပေးခဲ့လဲဆိုတာသိလိုက်ရတဲ့အခါ ၊ ခင်ဗျားကိုယ်လိပ်ပြာကိုယ်လုံခဲ့သလား ? "
" ကျွန်တော့်ကို NSN ဆီမရောင်းခင်ညက ၊ ကျွန်တော်နောက်ဆုံးတော့ခင်ဗျားကိုဖွင့်ဟပြောဆိုလာတာတွေ့ရတော့ ခင်ဗျားနည်းနည်းတွေဝေခဲ့သလား ? "
" Evil ကိုသုံးဆယ့်လေးခါသတ်ပြီးတော့မှ ၊ အဲ့ဒါကျွန်တော့် ID အသစ်မှန်းသိတော့ ခင်ဗျားတစ်စက္ကန့် ၊ နှစ်စက္ကန့်လောက်များနောင်တရခဲ့သလား ? "
ရှစ်လော့သည် တည်ငြိမ်အောင်အကောင်းဆုံးကြိုးစားထားကာ ၊ လည်ချောင်းထက်မှဆို့နင်လာမှုအားလည်း အကောင်းဆုံးထိန်းချုပ်ထားရင်း : " ကျွန်တော်ခန့်မှန်းတာတွေမှန်တယ်မလား ? ဒါပေမဲ့ ... အဲ့တုန်းကခင်ဗျားအတော်ဟန်ဆောင်ကောင်းခဲ့တယ်မဟုတ်လား ? "
ရှစ်လော့ FS သို့ဝင်ခဲ့ပြီးနောက်တွင် ၊ မနက်စာဖိုးကိစ္စရပ်အားပြန်လည်အစဖော်လာချိန်၌ ယွီဆွေ့သည်အရှက်တစ်စက်လေးမျှမရှိသည့်နှယ်ပင်။
သို့ပေတည့်ထိုနေ့မှစ၍ ၊ သူသည်ရှစ်လော့အားလုံးလုံးမျှနံနက်ခင်းတွင်မဆာလောင်စေတော့ပါချေ။" အခုကျမှဘာထဖြစ်ရတာလဲ ? "
ရှစ်လော့သည်ယွီဆွေ့၏ လက်ကောက်ဝတ်အားဆွဲကိုင်လိုက်ကာ ၊ မျက်ဝန်းတို့ထက်၌လည်းအမုန်းတရားများဖြင့်ပြည့်နှက်နေ၏။
" အရင်ကလိုပဲ ၊ ဒီကိုးခွက်ကလည်း အရက်ခွက်တွေပါဆိုပြီးဟန်ဆောင်လိုက်တာ မကောင်းဘူးလား ? သိသာလောက်အောင်ကိုပဲ ဘယ်သူမှသတိထားမထားမိ ၊ ဘယ်သူမှမမြင်ခဲ့တာကို ... ခင်ဗျားလည်းဘာမှမသိသလိုနေပြီးပြန်မရောက်လာဘဲမစစ်ကြည့်ဖို့ကို ၊ ဟန်ဆောင်ဖို့အဲ့လောက်ခက်နေတာလား ? "
VOUS LISEZ
မြူအုပ် || ဘာသာပြန်
Roman d'amour「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။