အခန်း - ( ၂၅ )【 U 】

906 131 7
                                    

အကြိုဗိုလ်လုပွဲပြိုင်ပွဲနေ့ကကိုယ့်မွေးနေ့မှာသွားကျတယ်မင်းကိုယ့်ကိုတောင်းပန်တဲ့အနေနဲ့ကိတ်မှာပေးလေ။ 』

___________________________________

" ငါသိနေသားပဲ ... "

ကျိယန်ဟန်သည်ဒေါသထွက်စွာနှင့် ယွီဆွေ့နားတွင်ထိုင်ချလိုက်ပြီး ၊ ရေရွတ်သံတို့လည်းထွက်ရှိလာ၏။

" ငါသိနေသားပဲ ... မင်းကအမြဲတမ်းတစ်ယောက်ယောက်နဲ့တစ်ခန်းတည်းအတူအိပ်ဖို့ဆန္ဒရှိတဲ့လူမဟုတ်ဘူး ၊ မင်းရဲ့အဲ့ဒီစိတ်ကိုလူတိုင်းနီးပါးပြောစရာမလိုဘဲသိကြတာချည်းပဲ။
ဒီနှစ်တွေထဲပြိုင်ပွဲတွေနဲ့လေ့ကျင့်ရေးတွေမှာတောင်ဘယ်သူမှမင်းနဲ့အတူတစ်ခန်းတည်းနေခဲ့တာမရှိဘူး ၊ အဲ့တုန်းကရှစ်လော့ဇာတိမှာတုန်းတည်းကထူးဆန်းတယ်လို့ငါခံစားမိနေတာ။
ရုတ်တရက်ကြီးမင်းဘာလို့အမှုမထားတော့ဘဲ ၊ ငါနဲ့တိုးကျပ်အိပ်ဖို့ပြောလာသလဲလို့ ... "

ကျိယန်ဟန်သည်တွေးမိလေလေ ၊ ဒေါသထွက်မိလေလေဖြစ်ပြီး -

" ဘာလဲ ?တစ်ခန်းတည်းသာနေမိလို့ရှိရင် ၊ မင်းတို့ကြားတစ်ခုခုဖြစ်မိကုန်မှာစိုးလို့လား ?"

မည်သို့ပင်ဖြစ်စေ ယွီဆွေ့သည်ဝန်ခံပြီးဖြစ်ရာ ၊ သူသည်ရှက်မနေတော့စွာဖြင့် -

" ဟုတ်တယ် ၊ ကျွန်တော်မတော်တဆ တစ်ခုခုဖြစ်မိကုန်မှာကိုစိုးလို့။ အဲ့ဒါကြောင့်ခင်ဗျားနဲ့တစ်ခန်းတည်းနေတာ ၊ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားကအဖြောင့်ပဲလေ။ ဘာဖြစ်လဲ ?"

" မင်းကမျက်စိကျသွားတယ်ဆိုတာတောင် ငါ့ကိုမပြောပြဘူး ၊ ငါမင်းကိုစမ်းသပ်ကြည့်ဖို့အခါခါကြိုးစားပြီး မင်းဆီတည့်တည့်တောင်မေးမိတော့မတတ်ပဲ။ မင်းကတော့လှည့်ပတ်နေလိုက်သေး ... "

" မင်းကငါ့ကိုတရားနည်းလမ်းကျကျတွေတောင်လာပြောလိုက်သေး ... ကျေးဇူးကြွေးပြန်ဆပ်စရာရှိလို့တို့ ၊ အသိစိတ်အရဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်လို့တို့ ၊ အသင်းအတွက်တို့ဆိုပြီးငါ့ကိုအခါခါလှိမ့်နေခဲ့ပြီးသူ့အတွက်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုအချိန်အများကြီးတောင်ငါကအကုန်ခံပေးလိုက်ရသေး!"

မြူအုပ် || ဘာသာပြန်Onde histórias criam vida. Descubra agora