အခန်း - ( ၃၉ )【 Z 】

267 9 0
                                    

『 Medic ၏လက်ထဲကဓားမြှောင်ကထက်နေသေးသလို ၊ အလင်းရောင်ဟာလည်းအရင်တိုင်းရှိနေဆဲ။ 』

_______________

ကျိုးဟော်သည်မန်နေဂျာတစ်ဦးဖြစ်သည့်အလျောက်လောင်ချောင်နှင့်အခြားသူများထက်ပိုမို၍ပညာရှင်ဆန်သူဖြစ်ပြီး ၊ သူ၏လူထုဆက်သွယ်ရေးဌာနဖြင့်ဖြေရှင်းရန်ရှင်းလင်းချက်ကိုအချိုးတကျ​ရေးဖွဲ့သီကုံးနိုင်ကာချောမွေ့သည့်စီစဉ်ပြင်ဆင်မှုတို့လည်းရှိ၏။
ထိုသို့ဖြင့်ပြင်ဆင်မှုမှာချက်ချင်းပင်အစီအစဉ်တကျရှိလာလျက် ၊ ကျိုးဟော်မှာလည်းလောင်ချောင်တို့တွေးထားကြသကဲ့သို့ပင်ထိုနှစ်တုန်းကအဖြစ်အပျက်များကိုပြန်လည်ရှင်းလင်းရန်အချိန်အတော်ကြာစီစဉ်ပြင်ဆင်ထားခဲ့ပြီးဖြစ်ချေသည်။

ထို့ကြောင့်မပြင်ဆင်ထားသည့်တိုက်ပွဲတစ်ခုနှင့်မတူညီဘဲ ၊ သက်သေဗွီဒီယိုရလာသည့်အခါတွင်ပိုမို၍လွယ်ကူသွားတော့၏။ သူသည်စင်္ကြံလမ်းကလူနှစ်ယောက်ကိုကြည့်ကာ -

" အယ် ... မင်းတို့ခုနကလေးတင်ဘာတွေပြောနေကြတာ ?ငါမင်းတို့နှစ်ယောက်ကိုနှောင့်ယှက်မိဖို့်မရည်ရွယ်ပေမဲ့လည်း ၊ ယွီဆွေ့ ... မင်းဖုန်းကိုအစည်းအဝေးခန်းထဲမှာထားခဲ့မိတာလား ?မင်းဖုန်းကိုမင်းမိဘတွေဖုန်းဆက်ထားကြတာ ၊ နှစ်ယောက်လုံးကိုမကိုင်လို့ဆိုပြီးချန်းဟော်ဆီလှမ်းဆက်တယ်။ "

သို့နှင့်ယွီဆွေ့သည်လှည့်ကာအစည်းအဝေးခန်းထံပြန်သွားသည်။

" Evil. "

ကျိုးဟော့သည်ရှစ်လော့ကိုကြည့်လိုက်ပြီး -

" မင်း .... ဒီတစ်ညတော့ဒီမှာပဲနေလိုက်မလား ?မင်းအခန်းကိုကရှင်းတော့ရှင်းထားထားပြီးပြီ ၊ ဒါပေမဲ့တချို့အခြေခံအသုံးကုန်ပစ္စည်းတွေမထည့်ရသေးလို့နည်းနည်းတော့အလွတ်ကြီးဖြစ်နေသေးတယ်။ မင်းသာစိတ်မရှိဘူးဆိုရင် ၊ ဒီညတော့ဒီမှာပဲအိပ်လိုက်နိုင်မလား ?"

ရှစ်လော့သည် : " ကျွန်တော့်ပစ္စည်းတွေက IAC မှာရှိနေတုန်းပဲ ၊ အစကတော့... "

" အစကတော့(ပစ္စည်းတွေသွားယူပြီးမှ)တစ်ခါတည်းလာလိုက်သင့်တာပဲ ၊ ဒါပေမဲ့အခုအခြေအနေကကိစ္စလေးတွေရှုပ်သွားတယ်။ ငါတို့ရဲ့ယာဉ်မောင်းကလည်းအိမ်ပြန်သွားပြီဆိုတော့ ၊ ဒါမှမဟုတ် ... "

မြူအုပ် || ဘာသာပြန်Onde histórias criam vida. Descubra agora