အခန်း - ( ၇၁ )【 U 】

466 65 5
                                    

『 Evil သာကင်မရာဖွင့်မယ်ဆို.... ကျွန်တော်လည်းဝင်နှုတ်ဆက်စကားဆိုဦးမယ်။ 』

__________________________________

" တစ်သန်း.... "

Puppy သည်အသက်ပင်ဝအောင်မရှုနိုင်ဖြစ်သွားရကာ ၊ တူကိုကီးဘုတ်ထက်တင်လျက်ချောင်းဆိုးလာတော့သည်။

" ငါ့နှုတ်ခမ်းတွေတောင်ဆယ်ကြိမ်ဆယ်ခါလောက်ပွင့်ဟသွားမိတယ်... "

Puppy မှာစိတ်တည်ငြိမ်စေရန်တခဏမျှအချိန်ယူလိုက်ရပြီးနောက်မှရေရွတ်လာ၏။

" ငါရုတ်တရက်ကြီးအရမ်းတောင်သိချင်သွားရပြီ ၊ မင်းကိုယွီဆွေ့ IAC ခေါ်လာပြီးအလုပ်ခန့်တုန်းကစာချုပ်ကြေးဘယ်လောက်တောင်ပေးထားလို့မင်းဒီလောက်တောင်သုံးနေနိုင်ရသလဲလို့... "

" Free နဲ့စာချုပ်မချုပ်ခင်တည်းကကျွန်တော်ပရော်ဖက်ရှင်နယ်နှစ်နှစ်ကစားပြီးသား ၊ ဒီလောက်ကတော့တတ်နိုင်သေးတယ်။ "

ရှစ်လော့သည် Puppy အားကြည့်ကာစိတ်မရှည်စွာဖြင့် -

" ဘာတွေငိုင်နေတာလဲ ၊ ကြေညာလေ!"

" ဪ ၊ အေးအေးအေး။ "

Puppy မှာလည်ချောင်ရှင်းလိုက်ပြီးထုတ်လွှင့်ခန်းအတွင်းရှိပရိတ်သတ်များထံနှုတ်ဆက်လိုက်ကာ -

" ဒီထက်ပိုမြင့်တဲ့ဈေးပေးမယ့်သူမရှိတော့ဘူးမလား ?တစ်သန်း ၊ ပထမအကြိမ်။ တစ်သန်း ၊ ဒုတိယအကြိမ်။ တစ်သန်း ၊ တတိယအကြိမ်။ ok。"

Puppy သည်မောက်စ်ကိုခေါက်ပြီးကြေညာလိုက်၏။

" လေလံအဆုံးသတ်ပါပြီ ၊ Whisper ရဲ့လေ့ကျင့်ဖော်ပထမဆုံးအကြိမ်ကိုသခင်လေးရှစ်ဆီရောင်းချလိုက်ပါပြီ။ "

【တစ်သိန်းပေးမယ်လေမရနိုင်ဘူးလားလို့ ?!ငါတကယ်ပိုက်ဆံပေးချင်တာပါဆို!】

【666666......】

【တစ်ညတာဝယ်ယူမှုမှာရယ်သေ ၊ ရှစ်ဇိုင်မင်းကိုယ်မင်းအင်တာနက်ကဖေးမှာလို့ထင်နေသေးတာလား ?】

【ဟားဟားဟားဟားပရိတ်သတ်ဟောင်းတွေအကုန်သိတယ် ၊ ရှစ်ဇိုင်ကနာမည်ကြီးရှလကာရည်အိုးကြီး။】

မြူအုပ် || ဘာသာပြန်Hikayelerin yaşadığı yer. Şimdi keşfedin