အခန်း - ( ၁၆ )【 Z 】

321 13 0
                                    

『 အစ်ကိုနဲ့ယွီဆွေ့ကအတူတူရှိခဲ့ကြတာလား ?』

__________________________________

ရှစ်လော့သည်ယွီဆွေ့ကိုကြည့်လိုက်မိကာလည်ပင်းမှာလည်းဆို့နင်လာရလျက် ၊ မည်သည်မျှမဆိုမိဘဲ အစည်းအဝေးခန်းထဲမှလှည့်ထွက်လာခဲ့၏။
ကျောက်ဖုန်းသည်ယွီဆွေ့အားအပြင်လိုက်ပို့ပေးကာ ၊ ရှစ်လော့မှာတော့ ဒုတိယအသင်း၏လေ့ကျင့်ရေးခန်းကိုသာသွားခဲ့သည်။

သူသည်ကျောက်ဖုန်းပြန်လာသည်အားမြင်သွားပြီးနောက် ၊ သူ၏တိုက်ရိုက်ထုတ်လွှင့်မှုအားပိတ်လိုက်ပြီးဂိမ်းစက်သာဖွင့်ထားလိုက်၏။
ထို့နောက်စက်ရှေ့တွင်ထိုင်နေလျက်သူသည်အမှတ်များဆက်ယူရမည်လော ၊ စက်အားပိတ်ရမည်လောဟုတွေဝေနေမိပေတော့သည်။

ထိုအချိန်တွင်ဂိမ်းတွင်းသူငယ်ချင်းချန်နယ်မှအကြောင်းကြားစာတက်လာလို့လာ၏။
ရှစ်လော့ဖွင့်ကြည့်လိုက်ရာ ယင်းမှာဝါ့ဝါ့ဖြစ်ကြောင်းတွေ့လိုက်ရတော့သည်။

【 Awa 】 :ရှစ်ကော ၊ ကျွန်တော်နဲ့ပွဲနည်းနည်းလောက်ကစားပေးနိုင်မလား ?နှိမ့်ချ.jpg

【 Awa 】 :ချန်းကောကအစကကျွန်တော့်ကို အမှတ်မြင့်အောင်လုပ်ပေးမယ်ဆိုပြီး​ပြောသေးတယ် ၊ နောက်ပြီးကျွန်တော်နဲ့အသင်းဖွဲ့ပြီး သုံးပွဲလည်းကစားပြီးရော။ သူသာထပ်ကစားမိရင် အနားပဲယူလိုက်တော့မယ်တဲ့ QAQ

【 Awa 】 :ကော ၊ ကျွန်တော်နောက်တစ်ယောက်ကို သြချရလောက်အောင်လုပ်ပြလိုက်မိပြန်ပြီ။

ရှစ်လော့၏နှလုံးအိမ်ထက်မှ အရှုပ်အရှင်းများမှာယခုမှပြေငြိမ်းသွားခဲ့ရာ ၊ စကားပြောခန်းမှထိုစာများအားမြင်ပြီးနောက် ထပ်မံပင်ခေါင်းကိုက်ခဲလာခဲ့သယောင်။
ဝါ့ဝါ့သည်အကူ Medic အနေနှင့်ကစားပါကရှစ်လော့သည်သူနှင့်အသင်းဖွဲ့ရသည်အားအတော်သဘောကျပေ၏ ၊ ဝါ့ဝါ့သည်ဒေါသမကြီးတတ်စွာဖြင့် ရှစ်လော့၏အကူအနေနှင့်ကောင်းကောင်းပူးပေါင်းလုပ်ဆောင်ပေးတတ်သည်။

ဝါ့ဝါ့၏အရည်အချင်းများမှာလည်းမဆိုးလှကာ ၊ နှစ်ဦးသားပြည်တွင်းဆာဗာတွင်အသင်းဖွဲ့မိပါကပွဲများတွင်လိုက်အနိုင်ကျင့်သည့်နှယ်တူ၏။
ထိုသူအားယွီဆွေ့၏ကစားဟန်သင်နေချိန်အတွင်း သွားရောက်အသင်းဖွဲ့မိလျှင်သာ ၊ ရှစ်လော့မှာပြန်ရုတ်သိမ်းမိရတော့သည်။
ယခုတွင်ရှစ်လော့သည် မမြင်ချင်ယောင်ဆောင်ကာလိုင်းဆင်းသွားပုံဟန်ဆောင်ချင်သော်ငြား ၊ သူသည်တစ်နေ့ပတ်လုံးအိပ်ပြီးပြီဖြစ်ရာယခုသူ၏အခန်းသို့ပြန်သွားလျှင်လည်းအိပ်နိုင်တော့မည်မဟုတ်ချေ။

မြူအုပ် || ဘာသာပြန်Where stories live. Discover now