အခန်း - ( ၃၇ )【 U 】

884 136 13
                                    

ဒီနှစ်တွေအတွင်းငါတို့သူ့အတွက်ဘာမှဖြေရှင်းပေးခဲ့ဘူးလို့များ
မင်းထင်နေတာလား ?!
တစ်ယောက်ယောက်ကများယုံခဲ့လို့လား

_________________________________

စားပွဲထိုးလေးမှာတုန်ယင်သွားရကာ -

" ကြွက် ... ကြွက်သတ်ဆေး ?!"

ယွီဆွေ့သည်ခေါင်းငြိမ့်ပြလိုက်လေရာ ၊ စားပွဲထိုးလေးမှာအရူးအမူးခေါင်းခါပြလာပြီး -

" မရှိပါဘူး!!!ကျွန်မတို့စားသောက်ဆိုင်က ကျန်းမာရေးညီညွတ်သောလိုင်စင်ရထားပါတယ် ၊ လုံးဝကိုကြွက်လည်းမရှိသလို!ကြွက်သတ်ဆေးလည်းပြင်ဆင်ထားခြင်းမရှိပါဘူး!"

ချန်းဟော်၏အတွေးရထားတွဲမှာယွီဆွေ့ကြောင့်လမ်းလွှဲခံလိုက်ရကာ ၊ သူသည်လည်းမေးလိုက်ချေ၏။

" ကြွက်သတ်ဆေးမရှိဘူးဆိုတော့ Arsenic* ရော ?ရှိလား ?"
[ * : အဆိပ်သင့်စေတဲ့အရာပါ။ ]

Puppy သည်လည်းဝင်မေးလာသည်။

" ဟယ့်တင်ဟုန်* ရော ?"
[ * : အဆိပ်သေရည်လိုမျိုးပါ။ ]

စားပွဲထိုးမှာမူးမေ့ကျမတတ်ဖြစ်သွားရကာ -

" ဟယ့် ၊ ဟယ့်တင်ဟုန် ?!"

" ဟယ့်တင်ဟုန်ကဘာမှန်းမသိဘူးလား ?"

လောင်ချောင်သည်စားပွဲထိုးထံ သနားစဖွယ်ကြည့်လာပြီး ၊ ကြင်နာလှစွာဖြင့်လည်းရှင်းပြလာသေး၏။

" မယ်တော်ကြီးကရှန့်ဖေးနျန်နျန်ကိုသောက်ခိုင်းခဲ့တဲ့အရာလေ ၊ မင်းကလေးတုန်းကနွေရာသီအားလပ်ရက်တွေမှာမိဘတွေကရုပ်မြင်သံကြားမကြည့်ခိုင်းခဲ့ဘူးလား ?"

ရှစ်လော့သည်စတင်စိတ်မရှည်ဖြစ်လာရတော့ကာ -

" ဓားရှည်တစ်ချောင်းလောက်သုံးရုံနဲ့ပြီးသွားမယ့်ကိစ္စကို ၊ ဘာတွေအချိန်ဆွဲပြောနေကြသေးတာလဲ။ "

စားပွဲထိုးမလေးမှာဤကဲ့သို့ဓားပြမမြင်ဖူးသည်ဖြစ်ရာ ၊ သူမ၏လက်တို့ကိုအလျင်အမြန်လှုပ်ရှား၍ walkie-talkie ကိုလှမ်းဆွဲကိုင်လိုက်ပြီး -

မြူအုပ် || ဘာသာပြန်Dove le storie prendono vita. Scoprilo ora