『 ဓားသွေးလျှင်ထင်းခုတ်ခြင်းထံမနှောင့်နှေး ၊ Gaokao ပြီးလျှင်အလုပ်လုပ်ပါလေ။ 』
__________________________________
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲခန်းမနေရာရှေ့၌ ၊ လူအားလုံးတို့၏ခံစားချက်မှာတူညီနေလျက်။
E-sports လူသစ်ကစားသမားလေး Luo မှာအရှက်ရမှုကိုသည်းညည်းခံကာတရုတ်စာဖြေနေချိန်၌ ၊ ယွီဆွေ့နှင့်ကျိယန်ဟန်မှာလည်းမနေနိုင်စွာနှင့် အခြားမိဘများကဲ့သို့ပူပန်မိကြ၏။သူတို့မှာစိတ်အေးလက်အေးနှင့် စာမေးပွဲခန်းမမှ မထွက်သွားနိုင်ခဲ့ ၊ ခန်းမအပြင်ဘက်တွင်ချစ်ချစ်တောက်ပူနေသည့်အပူချိန်အောက်တွင်စိတ်အားထက်သန်လှစွာ မျှော်လင့်စောင့်စားနေကြလျက်စိတ်နှင့်ခန္ဓာတို့မှာလည်းဖြေဆိုသူတို့ထံသာရောက်ရှိနေသည်။
ယွီဆွေ့နှင့်ကျိယန်ဟန်တို့နှစ်ဦးသားမှာလည်း ကားထဲတွင်သောက်နေကြလျက်ပက်လက်ခုံတွင်ခေါင်းအုံး ၊ ကူရှင်တို့နှင့်အတူကားအဲကွန်းပါဖွင့်ထားသေးရာအပူချိန်မှာသူတို့အားလာမဟပ်နိုင်ချေ။
ကျိယန်ဟန်သည်ကိုလာတစ်ငုံသောက်လိုက်ပြီး ၊ ကားတွင်းမှ ပြတင်းပေါက်အပြင်သို့လှမ်းကြည့်လိုက်ကာမိုက်မဲသည့်ခံစားချက်ရလာ၏။" ငါတို့တစ်ကယ်ပဲဒီမှာထိုင်စောင့်နေဖို့လိုလို့လား ?"
" သေချာတာပေါ့။ "
ယွီဆွေ့သည်နေကာမျက်ကာတပ်ထားရင်းလဲလျောင်းနေကာ ၊ သူ့ဖုန်းအားကြည့်နေပြီး -
" အဲ့ဒီကောင်စုတ်လေးက ထွက်ပြေးလာရင်ဘယ်လိုလုပ်မတုန်း ?"
ကျိယန်ဟန်သည်ခေါင်းခါလိုက်ကာ -
" ငါမင်းတို့လာမှာစောင့်နေတုန်းကငါစာမေးပွဲစည်းမျဉ်းတွေကြည့်မိသေးတယ် ၊ ကြည့်ရတာသူတို့အဖြေစာရွက်စောအပ်လို့ရပုံမပေါ်ဘူး ... "
" ဘယ်ကိစ္စမဆိုဖြစ်လာနိုင်ချေရှိတာပဲ ၊ တစ်ကယ်လိုသူနေမကောင်းချင်ဟန်ဆောင်ပြီး ထွက်လာရင်ရော။ "
ယွီဆွေ့သည်ပျင်းရိစွာနှင့် -
" သူသာတစ်ကယ်ထွက်ပြေးသွားရင် ၊ နောက်သုံးဘာသာအတွက် ဘယ်သူကသူ့အစားဖြေပေးမှာလဲ ?"
VOUS LISEZ
မြူအုပ် || ဘာသာပြန်
Roman d'amour「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။