『 ယွီရှန် ၊ ဒီလိုဆယ်ပုံတစ်ပုံပဲမှန်နိုင်ချေရှိတဲ့အခွင့်အရေး ၊ ခင်ဗျားဆော့မှာလား ?』
__________________________________
သီးသန့်ခန်း၏တစ်ဝက်နီးပါးမှာ ချက်ချင်းဆိုသလိုတိတ်ကျသွားလျက် ၊ သူတို့စားပွဲနှင့်လှမ်းသောသူများမှာကား ထိုစကားများအားမကြားလိုက်သည့်တိုင်အခန်း၏လေထုမှာမှာလေးပင်လာကြောင်းသတိထားမိလာကြကာဘေးပတ်လည်သို့စူးစမ်းကြည့်လာကြတော့၏။
သို့နှင့်တခဏအကြာတွင် သီးသန့်အခန်းမှသည်စာကြည့်တိုက်ကဲ့သို့ ပြောင်းလဲတိတ်ဆိတ်သွားသည်။အားလုံးမှာယွီဆွေ့နှင့်ရှစ်လော့ကြားမှ ကိစ္စရပ်များမှာသေချာမသိကြချေ ၊ ယင်းတို့ကြားမှကျေးဇူးကြင်နာမှုများနှင့်ရန်ငြိုးအကြွေးတို့မှာပေါ်လွင်နေပြီး အချင်းချင်းဖွင့်ဟစရာမလိုစွာနားလည်နေ၏။
ပြောရမည်ဆိုပါကထိုသူနှစ်ယောက်ကြားမှဆက်ဆံရေးသည်မီးနှင့်ရေကဲ့သို့ပင်နားလည်သဘောပေါက်နိုင်ပေသည်။ယခုတွင်ရှစ်လော့မှာဓားမဟာဆွဲထုတ်လာပြီးယွီဆွေ့အားတိုက်ခိုက်ခဲ့လျှင်တောင်မည်သူမျှအထူးတလည်အံ့သြနေမည်မဟုတ် ၊ ယွီဆွေ့ပြန်လာကြောင်းကြားသိရချိန်တည်းက အားလုံးဟာမကြာခင်တွင်ယခုကဲ့သို့ဖြစ်လာမည်မှန်းခပ်ရေးရေးမျှခန့်မှန်းခဲ့ကြပြီးသားပင်။
အခန်းတွင်းမှ သီချင်းဆိုနေသူ ၊ သောက်စားနေသူ ၊ အံစားတုံးဆော့နေကြသူများမှာ တစ်ယောက်ပြီးတစ်ယောက်ရပ်တန့်သွားကြလျက်။
သူတို့ဘက်သို့အသက်ပင်ရဲရဲမရှုရဲစွာဖြင့်ကြည့်လာကြပြီး ၊ အာရုံကြောများပင်အနည်းငယ်တုန်လှုပ်နေကြတော့သည်။ရှစ်လော့မှာတစ်ဝက်လောက်မူးနေပြီဖြစ်ကာ ၊ သူ၏လည်တိုင်နှင့်တီရှပ်၏လည်ပင်းနားတဝိုက်မှာ နီရဲသွေးနေလျက်။
ရှစ်လော့သည်လက်မြောက်လိုက်ကာ လည်ပင်းကိုပွတ်သပ်လိုက်ပြီး ၊ ခြေထောက်မှလည်းအနားရှိခွေးခြေခုံသို့ချိတ်ယူလိုက်ပြီးနောက်ယွီဆွေ့ရှေ့နောက်ခြေထောက်ကွေးကာထိုင်လိုက်လျက်စားပွဲကိုဖြတ်၍ကြည့်နေ၏။
VOCÊ ESTÁ LENDO
မြူအုပ် || ဘာသာပြန်
Romance「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။