『 သုံးဆယ့်လေးကြိမ်သေခဲ့။ 』
__________________________________
အဆုံးမှာတော့ ရှစ်လော့ဟာ အသင်းနှင့်ညစာစားရန်လိုက်ပါမသွားဖြစ်ချေ ၊ သူသည်အသင်းအဆောက်အဦးထံ တစ်ယောက်တည်းပြန်လာကာအစားစာများမှာယူလိုက်ကာရေချိုးပြီးလေ့ကျင့်ရေးအခန်းထံသို့သွားတော့သည်။
ညစာထွက်စားနေကြသည့်အဖွဲ့မှာပြန်မရောက်လာကြသေးသောကြောင့်လေ့ကျင့်ရေးအခန်းမှာဗလာကျင်းနေလျက် ၊ ရှစ်လော့မှာသူ့ကွန်ပျူတာရှိရာခုံထက်၌ဝင်ထိုင်လိုက်၏။ထိုကဲ့သို့အသင်း၏လှုပ်ရှားမှုများတွင် ရှစ်လော့သည်ပါဝင်လေ့မရှိ ၊ IAC တွင်လည်းသူငယ်ချင်းဟူ၍မရှိသော်ငြား အသင်းသားများမှာသူ့အားပစ်ပယ်မထားရဲချေ။
ရှစ်လော့သည်အများနှင့်ပူးတွဲနေထိုင်သင့်သော်လည်းသူတို့အသင်းမှာစီးပွားဖြစ်သတ်မှတ်ထားသည့်အသင်းသာဖြစ်ရာ ၊ အကြီးပိုင်းများမှာအသင်းနှင့်အရောတဝင်မရှိသလိုအပေါ်ယံမျှသာရှိကြသည်။အသင်းနှင့်အဆက်အဆံပိုလုပ်ဖို့ထက် သူ့တွင်တစ်ယောက်တည်းလေ့ကျင့်ပြုပြင်လိုက်ရန် ပိုဆန္ဒရှိ၏ ၊ ရံဖန်ရံခါ စိတ်မသက်မသာဖြစ်နေချိန်တွင်စကားပြောဖော်ရှာလိုပါကလည်း ထိုလူများမှာအသင်းမှလူဖြစ်လာမည်မဟုတ်ပါပေ။
ယခုကဲ့သို့ပင်ရှစ်လော့သည်ကွန်ပျူရှေ့၌ထိုင်ကာဝါ့ဝါ့၏တိုက်ရိုက်ထုတ်လွှင့်ခြင်းအားဖွင့်လိုက်၏ ၊ ထိုတိုက်ရိုက်ထုတ်လွှင့်မှုတွင်ကား ဝါ့ဝါ့မှာ ကင်မရာအားဖွင့်ထားလျက်ဝမ်းနည်းကြီးစွာဖြင့်ရှစ်လော့အကြောင်းတိုင်တန်းဖွင့်ချနေလေသည်။" ၁၃ ခါ !!! "
" ရာသီအကြိုပွဲစဥ်ရဲ့ဖွင့်ပွဲမှာ ငါ ၁၃ခါအသတ်ခံခဲ့ရတယ် !!! "
" ၁၃ခါသေရတယ်ဆိုတာဘာကိုဆိုလိုလဲသိလား ? အဲ့ဒါငါပွဲတစ်လျှောက်လုံးတစ်ခုတည်းကိုပဲလုပ်ခဲ့ရတာကိုဆိုလိုတာပဲ !!! တစ်ခုတည်းပဲ !!! အဲ့ဒါကငါပြန်လည်နိုးထခြင်းကျောက်တုံးကနေ ရှေ့တန်းကိုပြေးတာပဲ !!! ငါရှေ့တန်းကိုရောက်တာနဲ့ Evil ကငါ့ကိုပစ်သတ်တော့တာပဲ !!! ပြီးရင်အဲ့ဒီဖြစ်စဥ်ကတစ်ခါပြန်လည်လာပြီးအစကပြန်စရော ! "
KAMU SEDANG MEMBACA
မြူအုပ် || ဘာသာပြန်
Romansa「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။