『 ငါအခုလေးတင်ပုံမှန်ရာသီပွဲစဉ်ရဲ့ MVP ရလာတာကို။ 』
___________________________________
ကားအတွင်းဝယ် ၊ ယွီဆွေ့မှာ Puppy ၏ဖုန်းအားကိုင်ထားလျက်။
Puppy ၏ဖုန်းမျက်နှာပြင်ထက်တေယ်ရှစ်လော့အားသူငယ်ချင်းအဖြစ်မှတ်သားထားသည်မှာ “Luo”အဖြစ်ရှိနေသေးဆဲ။ယင်းမှာလိဂ်အတွင်း၌ရှစ်လော့ဦးဆုံးမှတ်တမ်းတင်သုံးခဲ့သည့် ID ဖြစ်သည်။
ယွီဆွေ့၏စာပို့အပြီး ရှစ်လော့မှာစာပြန်လာခြင်းမရှိခဲ့ ၊ ယွီဆွေ့သည်လည်း Puppy အားဖုန်းပြန်ပေး၍ ဆက်လက်အိပ်စက်ရန်ပြင်လိုက်၏။" ယွီဆွေ့ ... "
Puppy မှာဖုန်းကိုကြည့်လိုက်ပြီး ၊ တုံ့ဆိုင်းလှစွာဖြင့် -
" ရှစ်လော့သာငါတို့အသင်းကိုလာရင် ဖိုရမ်ပေါက်ကွဲထွက်မယ်ဆိုတာကိုသူ့ကိုယ်သူတောင်သိတယ် ၊ မင်း ... "
ယွီဆွေ့သည်မျက်လုံးတို့ကိုပိတ်ထားလျက်နှင့်အပြုံးဆင်ထားကာ : " ဖိုရမ်မပေါက်ကွဲရင် ငါဘာလုပ်ရမလဲ ?"
Puppy သည်လည်းရွေးချယ်စရာမရှိစွာနှင့်ဆက်ဆိုလို့လာ၏။
" ဘာလို့စိတ်ရှုပ်ခံနေရာမှာလဲ ?Striker ဆိုတာကစားတဲ့သူအများဆုံးနေရာပဲ ၊ ကစားသမားကောင်းတွေလည်းအများကြီးရှိတယ်။
ရှစ်လော့လောက်မကောင်းတဲ့ကစားသမားဆိုရင်တောင်မှအဲ့လူသာချန်းဟော်နှင့်ပူးပေါင်းဖို့ဆန္ဒရှိနေသရွေ့ ၊ ငါတို့အတွက်သင့်တော်တဲ့ရွေးချယ်မှုဖြစ်လာမှာပဲ။ ရှစ်လော့သာရောက်လာရင်ချန်းဟော်ကိုဘယ်လိုရန်စနေမလဲဆိုတာသာတွေးကြည့် ၊ ဒီဟာပဲမပြောနဲ့။ နောင်အနာဂတ်မှာပြဿနာကပိုတောင်များလာဦးမှာ ၊ နောက်ကျရှစ်လော့ပရိတ်သတ်တွေကငါတို့ဌာနချုပ်ကိုလာဖျက်ဆီးမှာကိုတောင် ကြောက်မိတယ်။ မင်းကတော့ဒီပြဿနာကို ပြုမယ်ချည်းပဲလုပ်နေတာ ... "Puppy ပြန်လာသည်မှာနောက်ကျရာသီးသန့်ခန်းအတွင်းရှိအလောင်းကစားကိုမသိလိုက် ၊ ယွီဆွေ့မှာလည်း ယင်းအားပြန်လည်မပြောပြချင်တော့ကာ -
" ဘာပြဿနာမှမရှိလာပါဘူး ၊ မမျှော်လင့်ထားတဲ့ပြဿနာတွေလည်း ငါမဖန်တီးဘူး။
သူသာပြန်မလာချင်ဘူးဆိုရင် ၊ ငါလည်းသူ့ကိုစိတ်အနှောင့်အယှက်သွားပေးမှာမဟုတ်ဘူး။ "

VOUS LISEZ
မြူအုပ် || ဘာသာပြန်
Roman d'amour「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။