အခန်း - ( ၅၃ )【 U 】

521 94 4
                                    

『 သို့သော်ငြားသူသည်အမြတ်နိုးခံရသည့်သူတစ်ဦးဖြစ်ချင်ဆဲပါ​ပေ ၊ ယင်းစကားမှာလွန်လွန်ကြူးကြူးဖြစ်နေသည်ကိုပြောစရာပင်မလိုသည့်တိုင် သူ့အားဂရုစိုက်ပေးမည့်လူတစ်ဦးကိုသူလည်းလိုချင်မိပါ၏။ 』

___________________________________

အချို့သောအင်တာနက်လူသိများသူ ၊ သို့မဟုတ် တင်ဆက်သူများထံမှအနှစ်သက်ခံရခြင်းမျိုးသည်ကျော်ကြားသည့်ကစားသမားတိုင်းကြုံတွေ့ရတတ်သည့်အရာမျိုးပင်။
ရှစ်လော့သည်လည်းဤအသိုင်းအဝိုင်းထဲကျင်လည်နေခဲ့သည်မှာကြာပြီဖြစ်ရာ ၊ ယင်းမှာမည်သို့နှယ်ဖြစ်နေသည်ကိုသိနားလည်သည့်အပြင်ယွီဆွေ့နှင့်လည်းမည်သို့မျှမသက်ဆိုင်သည့်ကိစ္စရပ်ပေ။

သို့သည်တိုင်အဆိုပါကိစ္စရပ်တစ်ခုလုံးကိုနားထောင်ပြီးချိန်၌ရှင်းပြရခက်စွာပင်ရှစ်လော့မှာဒေါသထွက်မိဆဲ။
လွန်ခဲ့သည့်နှစ်နှစ် ၊ ယွီဆွေ့ကိုစတင်တွေ့ဆုံဖူးချိန်တည်းကယွီဆွေ့အနားတွင်နားလည်ရခက်စွာဝဲလည်နေကြသူများရှိ၏။

နားလည်ရခက်စွာပင်ထိုသူများကယွီဆွေ့နှင့်သူငယ်ချင်းဖြစ်လာကြပြီး ၊ နားလည််ရခက်စွာပင်ထိုသူနှင့်ယွီဆွေ့တို့သည်အပြင်တွင်ဟိုဟိုသည်သည်ဖြစ်ခဲ့ကြသည်ဟုပြန်လည်ပြောဆိုကြလျက်။
ထိုစကားလုံးအနည်းငယ်နှင့်ပင်မသိသူများကယွီဆွေ့တွင်ရည်းစားကောင်မလေးရနေပြီဟုပင်ထင်သွားကြသည်။

ရှစ်လော့သည်ကနဦးတွင်ယွီဆွေ့နှင့်ကျိယန်ဟန်တို့အလွန်ကျွမ်းဝင်ကြခြင်းကိုပင်သည်းမခံနိုင်ရာ ၊ အဆိုပါ “ သူ့နောက်မှရောက်လာကြသည့်သူများ ” ဆိုလျှင်ထည့်ဆိုနေစရာပင်မလိုတော့။

ဘာလို့လဲ ?
သူတောင်ဘာမှမဖြစ်ရသေးတာကို ၊ ဘာလို့တခြားသူကတောင်းပန်ဖို့ဆိုပြီး Wechat လာအပ်ရတာလဲ ?

တဖြည်းဖြည်းချင်းနှင့်ယွီဆွေ့မှာအမှန်တကယ်ပဲသူမကိုအကူပုံစံကစားပေးတော့မည်လား ?
နောက်ထပ်ပိုတွေးကြည့်လျှင် ၊ အနာဂတ်တွင်သူယွီဆွေ့နှင့်နှစ်ယောက်တွဲတန်းစီလျှင်ပင်အခြားသူမျက်နှာကိုကြည့်နေရတော့မည်လား ?

မြူအုပ် || ဘာသာပြန်Donde viven las historias. Descúbrelo ahora