『 ဒီနေ့ကစားခဲ့ရတာပွဲစဉ်တစ်ခုမဟုတ်ဘူး ၊ လောင်ကျစ်ရဲ့မူလအိမ်ဟောင်းကိုဖျက်ဆီးဖြိုချလိုက်ရခြင်းပဲ။ 』
__________________________________
FS အသင်းနှင့် BO1 ပွဲကစားပြီးသည့်နောက်တွင်ယွီဆွေ့၏အရံပစ္စည်းများသိမ်းဆည်းနေခြင်းမှာပုံမှန်ထက်နှေးကွေးနေကာ ၊ ချန်းဟော်နှင့် NSN ၏လူငယ်သင်တန်းသားလေးမှာသူတို့၏ကိုယ်စီအရံပစ္စည်းများဖြင့်စင်နောက်သို့ပြန်သွားပြီးဖြစ်၏။
Puppy မှာယွီဆွေ့သည်ယခင်ကနှင့်ခြားနားစွာရှိနေသည်ကိုမြင်သောကြောင့် ၊ သူသည်နှေးချလိုက်ပြီးယွီဆွေ့ထံကြည့်ကာတီးတိုးဆိုလိုက်ချေသည်။" မင်းပဲမစခင်တုန်းက ၊ အရမ်းကိုနှလုံးသားမရှိဂရုမစိုက်သူကြီးလုပ်နေတာမဟုတ်ဘူးလား ?အခုပွဲမှာလည်းနည်းနည်းလေးတောင်ညင်သာညှာတာခြင်းမရှိကစားသွားပြီး ၊ အခုတော့ဘာဖြစ်ရတာတုန်း ?"
ယွီဆွေ့၏အမူအရာမှာပုံမှန်နှင့်ပြောင်းလဲကွဲပြားနေခြင်းမရှိ ၊ သူသည်ခုံထက်ထိုင်နေရင်းကီးဘုတ်၏ပါဝါကြိုးကိုဖြေးညှင်းစွာရစ်ပတ်နေကာမေးမြန်းလာ၏။
" အခုငါကဘာဖြစ်နေလို့လဲ ?"
" တခြားသူတွေမမြင်နိုင်ရင်တောင် ၊ ငါကတော့နည်းနည်းပါးပါးမြင်နိုင်ပါသေးတယ်။ အထူးသဖြင့်မင်းရဲ့အခုမျက်လုံးတွေကိုငါသေသေချာချာကိုရင်းနှီးနေတာ ... "
Puppy သည်ယွီဆွေ့ကိုကြည့်လိုက်ပြန်ပြီး ၊ ခေါင်းငြိမ့်ကာ -
" ဟုတ်တယ် ၊ အဲ့လိုမျိုးပဲ။ မင်းလော့လော့ကို NSN ဆီပို့တဲ့နေ့တုန်းက ၊ အဲ့ဒီတုန်းကဒီမျက်နှာအမူအရာမျိုးပဲ။ "
Puppy မှာထိုအမူအရာကိုမှတ်ချက်ပြုလာ၏။
" အမူအရာကတအားကိုမှသဘာဝဆန်ဆန်ရှိလွန်းနေပေမဲ့ ၊ မျက်ဝန်းတွေကအာရုံလွတ်နေခဲ့တာ။ "
ယွီဆွေ့သည်ပြုံးရုံသာပြုံးကာမောက်စ်ကိုဖြုတ်ပြီး ၊ ထရပ်လိုက်၍စင်အနောက်ထံလျှောက်သွားတော့သည်။
Puppy သည် Mouse Pad ဖြင့်အကူပစ္စည်းကိရိယာတို့ကိုစုပတ်သိမ်းကာ ၊ သူသည်မနေနိုင်စွာဖြင့်ဆိုမိပြန်၏။
ESTÁS LEYENDO
မြူအုပ် || ဘာသာပြန်
Romance「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။