『 တစ်ညလုံးစာဝယ်မယ် ၊ ကျန်တဲ့သူတွေကတော့လစ်လိုက်တော့။ 』
_________________________________
ပုံမှန်အချိန်များ၌အငြိမ်သက်တတ်ဆုံး Puppy ပင်လျှင်အစားစားနေစဉ်သုံးသပ်ရေးပြုမည့်အကြောင်းဆိုသောအခါ ၊ လောင်ချောင်မှာပျော်ရွှင်ဝမ်းမြောက်သွားရလျက်ဒုတိယထပ်လှေကားထက်သို့မှီကာညစာပြင်ဆင်ပေးပါရန်မီးဖိုချောင်မှအန်တီကြီးထံလှမ်းအော်ဟစ်လိုက်သည်။
ရှန့်ကျန့်နှင့်ကြားကအသစ်အဟောင်းရောယှက်နေသောအာဃာတတရားများမှာဖြေရှင်းနိုင်ဖွယ်မရှိတော့ပေရာ ၊ အသင်းသားများအားလုံးမှာကမ္ဘာ့ချန်ပီယံပြိုင်ပွဲ၌ရှန့်ကျန့်နှင့်ရင်ဆိုင်ရန်စိတ်ပါဝင်စားမှုအပြည့်ဖြင့်ပြင်ဆင်နေကြ၏။အန်တီကြီးမှညစာလာမချပေးမီခိုက်ဝယ်ရှစ်လော့မှာလောင်ချောင်ထံကဘောပင်တစ်ချောင်းတောင်းလိုက်ကာ ၊ စာရွက်ပိုင်းတစ်ခုကိုထုတ်လာလျက်ဖြစ်တန်ရာကိန်း(probability)ကိုပင်စတင်ရေးဆွဲတွက်ချက်လာချေတော့သည်။
" တွက်မနေနဲ့ ၊ ဒီနှစ်ပိုင်းတွေအတွင်းမှာကမ္ဘာ့ချန်ပီယံပြိုင်ပွဲအတွက်မဲနှိုက်တာတွေကိုလည်းငါကြည့်ခဲ့ရပြီးတဲ့အတွေ့အကြုံတွေလည်းရှိပြီးပြီ။ "
လောင်ချောင်သည်ခေါင်းခါရမ်းလျက်အယူသီးလှစွာဆိုလာ၏။
" ဖြစ်တန်ရာကိန်းကိုယုံနေဖို့မလိုဘူး ၊ ရုပ်လွန်ပညာ(metaphysics)ကိုပဲယုံရင်လုံလောက်ပြီ။ ငါ့ရဲ့အတွေ့အကြုံအရဆိုရင်ဒီလိုရာသက်ပန်ရန်ဘက်တွေကအုပ်စုအဆင့်မှာကြုံဆုံရတတ်တာချည်းပဲ ၊ ငါတို့နဲ့အသစ်အဟောင်းရောယှက်နေတဲ့အာဃာတတရားအများဆုံးအသင်းကလည်းရှန့်ကျန့်ပဲဆိုတော့ဆုံရဖို့က၈၀ရာခိုင်နှုန်းလောက်ရှိတယ်။ "
" ခင်ဗျားပြောသလိုသာဆိုသူတို့နဲ့ Saint , NSN ကြားမှာလည်းနာကြည်းမကျေနပ်ချက်တွေမှမနည်းတာ ၊ ဆိုတော့သူတို့နဲ့လည်းကြုံဆုံသွားတော့လည်းဖြစ်နိုင်တာပဲလေ။ "
ချန်းဟော်မှာအသိတရားအနည်းငယ်စွဲကိုင်ကျန်ရှိနေသေးကာ ၊ ရှစ်လော့၏တွက်ချက်ထားသည့်ဖော်မျူလာကိုကြည့်ပြီးနောက်လေးလေးနက်နက်ဆိုလာချေ၏။
CZYTASZ
မြူအုပ် || ဘာသာပြန်
Romans「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။